ကွန်တီ

November 19, 2020

ချဲလ်ဆီးနည်းပြဘဝ လူကာကူနှင့် ဗန်ဒိုက်ကို ခေါ်ယူရန် နီးစပ်ခဲ့ကြောင်း ကွန်တီပြော

ချဲလ်ဆီးနည်းပြတာဝန်ယူချိန်က လူကာကူနဲ့ ဗန်ဒိုက်ကို ခေါ်ယူဖို့ နီးစပ်ခဲ့ဖူးတယ်လို့ နည်းပြ ကွန်တီက ပြောပါတယ်။  လက်ရှိအချိန်မှာ အင်တာမီလန်နည်းပြ တာဝန်ယူနေတဲ့ ကွန်တီဟာ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီက ချဲလ်ဆီးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တာပါ။  အဲဒီအချိန်က အဲဗာတန်အသင်းမှာ ကစားနေတဲ့ တိုက်စစ်မှူး လူကာကူနဲ့ ဆောက်သမ်တန် မှာ ကစားနေတဲ့ ဗန်ဒိုက်တို့ကို ခေါ်ယူဖို့ နေ့စဉ်စကားပြောဆိုခဲ့ဖူးတယ်လို့ ကွန်တီက ပြန် ပြောပြတာပါ။  ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ပြီးတဲ့နောက်မှာ ကစားသမား ၂ ဦးကို ခေါ်ယူဖို့ အလွန်နီး စပ်ခဲ့ပြီး အဲဒီကစားသမား ၂ ဦးက လူကာကူ နဲ့ ဗန်ဒိုက်တို့ဖြစ်တယ်လို့ တယ်လီဂရပ်ဖ်သတင်းစာနဲ့ အင်တာဗျူးမှာ နည်းပြကွန်တီက ပြောပါတယ်။  လူကာကူ နဲ့ ဗန်ဒိုက်တို့နဲ့ နေ့တိုင်းဆက်သွယ်စကားပြောခဲ့ပြီး ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အသင်းရဲ့ ခြေစွမ်းက ၃၀ ရာခိုင်နူန်းလောက်တိုးတက်လာလိမ့်မယ်လို့ တာဝန်ရှိသူတွေကို ပြောခဲ့ကြောင်း လည်း ကွန်တီက ပြောပါတယ်။  ဒါပေမဲ့ အဆုံးသတ်မှာတော့ လူကာကူက မန်ယူနိုက်တက်ဆီပြောင်းရွှေ့ခဲ့ပြီး ဗန်ဒိုက်က လီဗာပူးဆီ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ 
5 months Ago

January 8, 2020

ကွန်တီကို ချဲလ်ဆီးအသင်း ပေါင် ၂၆ သန်း လျော်ကြေးပေးခဲ့ရ

နည်းပြဟောင်း ကွန်တီနဲ့ လမ်းခွဲလိုက်ခြင်းမှာ ချဲလ်ဆီးအသင်းဟာ ပေါင် ၂၆ ဒသမ ၆ သန်းအထိ  ကုန်ကျခဲ့တယ်လို့ Goal သတင်းမှာ ဖော်ပြပါတယ်။ ကွန်တီဟာ ၂၀၁၈ ခုနှစ် နွေရာသီမှာ ချဲလ်ဆီးအသင်းနဲ့ လမ်းခွဲလိုက်တာဖြစ်ပြီး အဲဒီမတိုင်ခင် နှစ်နှစ်ကမှ အသင်းကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ သူဟာ ချဲလ်ဆီးအသင်းကို ရောက်ရှိလာတဲ့ ပထမရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့ပြီး ဒုတိယရာသီမှာ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။  ဒီလိုမျိုးအောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် ကွန်တီဟာ ချဲလ်ဆီးကနေ လွင့်စဉ်ခဲ့ရပြီး သူ့နေရာကို တနိုင်ငံတည်းသားဖြစ်တဲ့ မူရီဇီယိုဆာရီက ဝင်ရောက်ခဲ့ပါတယ်။  ဂျူဗင်တပ်စ်နဲ့ အီတလီ လက်ရွေးစင်အသင်း နည်းပြဟောင်း ကွန်တီဟာ ချဲလ်ဆီးအသင်းနဲ့ လမ်းခွဲချိန်မှာ စာချုပ်တနှစ် ကျန်နေခဲ့သေးတာ ဖြစ်ပါတယ်။  ချဲလ်ဆီးအသင်းဟာ ကွန်တီကို ဖယ်ရှားပြီး ဆာရီနဲ့ လက်တွဲခဲ့ပေမယ့် ဆာရီ လက်ထက် ၂၀၁၇-၁၈ ဘောလုံးရာသီမှာတော့ အဆင့် ၅ သာ ရရှိခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။ ကွန်တီဟာ  ချန်ပီယံလိဂ် လွဲခဲ့ပေမယ့် ယူရိုပါလိဂ်ဖလားကို အရယူပေးခဲ့ပြီး သူ့ဂုဏ်သိက္ခာကို ပြန်ထိန်းနိုင်ခဲ့ပေမယ့် အဲဒီရာသီမှာပဲ ချဲလ်ဆီးအသင်းနဲ့ လမ်းခွဲခဲ့ရပါတယ်။ ကွန်တီနဲ့ လမ်းခွဲခဲ့ခြင်းနဲ့ပတ်သက်လို့ ချဲလ်ဆီးအသင်းနဲ့ နည်းပြဟောင်းတို့အကြား ကာလရှည် တရားရင်ဆိုင်ခဲ့ရပြီး ဒီရင်ဆိုင်မှုအပြီးမှာတော့ ချဲလ်ဆီးအသင်းဟာ   ကွန်တီနဲ့ သူ့နည်းပြအဖွဲ့ဝင်တွေကို ထုတ်ပယ်ခဲ့ခြင်းအတွက် တရားစရိတ်ကုန်ကျမှုတွေ အပါအဝင် ပေါင် ၂၆ သန်းကျော် လျော်ကြေးပေးလိုက်ရတယ်လို့ သိရပါတယ်။ ကွန်တီနဲ့ သူ့နည်းပြအဖွဲ့ဝင်တွေကိုပေးမယ့် လျော်ကြေးဟာ ချဲလ်ဆီးအသင်းကို ရှရှားပိုင်ရှင် အီဗရာမိုဗစ် ဝယ်ယူလိုက်ပြီးနောက်ပိုင်း သူ့အိတ်ထဲက စိုက်ထုတ် သုံးစွဲခဲ့တဲ့ ငွေကြေးတွေထဲကပဲ အသုံးပြုမှာ ဖြစ်ပါတယ်။ မိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ချဲလ်ဆီးအသင်းအတွက် ပေါင် ၂၄၇ သန်း စိုက်ထုတ်သုံးစွဲခဲ့ပေမယ့် အသင်းဟာ ပေါင် ၉၆ ဒသမ ၆ သန်း အရှုံးပေါ်နေဆဲ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ အသင်းကို မိုဗစ် ဝယ်ယူခဲ့ပြီးနောက်ပိုင်းမှာ ထုတ်ပယ်ခဲ့တဲ့ နည်းပြတွေအတွက် လျော်ကြေးငွေ ပေါင်သန်း ၉၀ အသုံးပြုထားတယ်လို့လည်း သိရပါတယ်။
1 year Ago
Up