ရွေးကောက်ပွဲမှာ အနိုင်ရအောင်ပွဲခံခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ ကွန်ဆာဗေးတစ် အမတ်သစ် ၁၀၉ ယောက်ကို ပါလီမန်မှာ ကြိုဆိုခဲ့ပါတယ်။
ဒီဇင်ဘာလ ၁၆ ရက်ကကြိုဆိုပွဲမှာ ဘရဲဇစ်ကိစ္စ အမြန်ဆုံး ဆောင်ရွက်ရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုအတွက် ရန်ပုံငွေတိုးမြှင့်ရေး စတဲ့ ကတိကဝတ်တွေကို အလေးထားသွာ းမယ်လို့ ဝန်ကြီးချုပ်ဂျွန်ဆင်က ပြောပါတယ်။
ဒီဇင်ဘာ ၁၂ ရက် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဂျွန်ဆင်ရဲ့ ကွန်ဆာဗေးတစ်ပါတီက အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက် ဂျွန်ဆင့်အနေနဲ့ ဘရဲဇစ်အတွက် ပါလီမန် ထောက်ခံအောင် အရှိန်မြှင့် ကြိုးပမ်းပြီး ကျန်းမာရေး၊ ပညာရေးနဲ့ ရဲတပ်ဖွဲ့ရန်ပုံငွေ ပိုမိုရအောင် လုပ်ဆောင်သွားမှာပါ။
ဝန်ကြီးချုပ်ဂျွန်ဆင်က သူဟာ ပြည်သူ့အစိုးရကို ဦးဆောင်ပြီး ဘရဲဇစ်ကိစ္စ ပြီးပြတ်အောင် လုပ်ကာ ပြည်သူတွေရဲ့ ယုံကြည်မှုကို အကြွေးပြန်ဆပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဗြိတိန် အစိုးရအဖွဲ့သစ်အနေနဲ့ ဒီဇင်ဘာ ၂၀ မှာ ဘရဲဇစ် သဘောတူညီချက် မူကြမ်းကို ပါလီမန်မှာ ပြန်တင်သွင်းမှာ ဖြစ်ပေမယ့် အဲဒီအတွက် မဲခွဲ ဆုံးဖြတ်မလား ဆိုတာကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။
1 year Ago