လူအယောက် ၁၃၀ ရောဂါကူးစက်ပြီး ၅၅ ယောက် သေဆုံးရတဲ့ နိုင်ငံအနောက်ပိုင်း အီဘိုလာ ရောဂါဖြစ်ပွားမှု ပြီးဆုံးသွားပြီလို့ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံကျန်းမာရေးဝန်ကြီးက နိုဝင်ဘာ ၁၈ ရက်မှာ ကြေညာလိုက်ပါတယ်။
နိုင်ငံအရှေ့ပိုင်းမှာ ဖြစ်နေတဲ့ အီဘိုလာကပ်ရောဂါ ပြီးဆုံးပြီလို့ အစိုးရ မကြေညာခင် ဇွန်လက နိုင်ငံအနောက်ပိုင်းမှာ ကပ်ရောဂါ ပေါ်ပေါက်ခဲ့တာပါ။
ကွန်ဂိုနိုင်ငံအရှေ့ပိုင်းမှာတော့ ဒုတိယအသေအပျောက်အများဆုံး အီဘိုလာဖြစ်ခဲ့ပြီး လူပေါင်း ၂,၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။
၁၉၇၆ ခုနှစ် ကွန်ဂိုနိုင်ငံ အီဘိုလာမြစ်အနီးမှာ ဗိုင်းရပ်စ်ကို စတွေ့ကတည်းက ကွန်ဂိုဟာ တခြားနိုင်ငံတွေထက် အီဘိုလာရောဂါ ဖြစ်ပွားမှု နှစ်ဆကျော်ရှိခဲ့ပြီး ရောဂါဖြစ်ပွားမှု ၁၁ ကြိမ် ရှိခဲ့ပါတယ်။
နိုင်ငံရဲ့ အီကွေတာရပ်ဝန်းသစ်တောတွေဟာ ဗိုင်းရပ်စ်ပြန့်ပွားဖို့ သဘာဝရေလှောင်ကန် တခုလို ဖြစ်လို့နေပါတယ်။
အီဘိုလာဗိုင်းရပ်စ်ဟာ အလွန်အမင်း အန်တာနဲ့ ဝမ်းလျှောတာတွေကို ဖြစ်စေပြီး ခန္ဓာကိုယ်အရည်တွေကတဆင့် ကူးစက်ပျံ့နှံ့နိုင်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
5 months Ago