ကွန်ဂို ဒီမိုကရက်တစ်နိုင်ငံမှာ COVID-19 အစီအမံတွေကို သမ္မတ ကြေညာပြီးနောက်မှာပဲ အခြေခံ စားသုံးကုန်ပစ္စည်းတွေ ဈေးတက်သွားခဲ့ပါတယ်။
တချို့ဈေးဆိုင်တွေမှာ ခါတိုင်းထက် ဈေးက နှစ်ဆကနေ သုံးဆအထိ မြင့်တက်သွားခဲ့ပါတယ်။
မြို့တော် ကင်ဆာရှာမှာ အသွားအလာ ကန့်သတ်တာတွေ မလုပ်ခင် လူတွေက အပြေးအလွှားပစ္စည်းတွေ ဝယ်ယူတာမို့ မတ်လ ၂၇ ရက်က စူပါမားကတ် အပြင်မှာ လူတန်းရှည်ကြီးတွေကို တွေ့ရပါတယ်။
ဝန်ထမ်းတွေက ဈေးဝယ်သူတွေရဲ့ အပူချိန်ကို တိုင်းတာက တဦးနဲ့တဦး ခပ်ခွာခွာနေဖို့၊ စည်းကမ်းတွေ လိုက်နာစေဖို့ လူအရေအတွက်နဲ့ ပေးဝင်ခဲ့ပါတယ်။
ဈေးဝယ်သူတဦးကလည်း ၄ ရက်လောက် အိမ်ထဲက အိမ်ပြင် မထွက်ရဘူး ညွှန်ကြားထားလို့ ဈေးလာဝယ်ပေမယ့် ပေါင်မုန့်လောက်ပဲ ဝယ်နိုင်ကြောင်း၊ ပစ္စည်းအများကြီး ဝယ်ဖို့ မတတ်နိုင်တာမို့ အစိုးရအနေနဲ့ နည်းလမ်းရှာဖွေဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
ဒါကြောင့် မတ်လ ၂၇ ရက် ညမှာပဲ ကင်ဆာရှာ အုပ်ချုပ်ရေးမှူးက အခြေခံစားသောက်ကုန်တွေ မြင့်တက်လာတာကြောင့် အသွားအလာကန့်သတ်မှုကို ရက်ရွှေ့ဆိုင်းတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိအချိန်ထိ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၅၈ ဦး ရှိပါတယ်။ ဥရောပ၊ အမေရိကန်နိုင်ငံတွေနဲ့ နှိုင်းစာရင် အာဖရိကမှာ ကူးစက်ခံရသူ အရေအတွက် နည်းပေမယ့် ကျန်းမာရေးစနစ် အားနည်းတာမို့ ကူးစက်သူအရေအတွက် တဟုန်ထိုး တက်လာမယ့် စိုးရိမ်စိတ်တွေ ဖြစ်ပေါ်နေပါတယ်။
11 months Ago