ကွန်ဂိုနိုင်ငံ အရှေ့ပိုင်း ဂိုမာမြို့မှာ အီဘိုလာရောဂါ ကူးစက်ခံရတဲ့ ဒုတိယမြောက်လူနာ သေဆုံးခဲ့ပြီးနောက် ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်နေကြပါတယ်။
ဂိုမာမြို့မှာ အီဘိုလာရောဂါပိုး တွေ့ရှိတယ်လို့ ဇူလိုင်လ ၃၀ ရက်က အတည်ပြု ကြေညာလိုက်ပြီးနောက် လူဦးရေ ၂ သန်းနေထိုင်တဲ့ အဲဒီမြို့မှာ ရောဂါပြန့်ပွားနိုင်တဲ့ အန္တရာယ်မြင့်တက်နေပါတယ်။
ဒါဟာ ကွန်ဂိုနိုင်ငံမှာ အီဘိုလာရောဂါပိုး ပထမဆုံး တွေ့ရှိတဲ့ နေရာနဲ့ မိုင် ၂၂၀ ဝေးတဲ့ ဂိုမာမြို့မှာ ဒုတိယအကြိမ် ရောဂါပိုး ထပ်တွေ့တာပါ။
ပြီးခဲ့တဲ့နှစ်က အီဘိုလာရောဂါကြောင့် ကွန်ဂိုနိုင်ငံမှာ လူပေါင်း ၁,၈၀၀ ကျော် သေဆုံးခဲ့ပါတယ်။
အီဘိုလာရောဂါ ကူးစက်ခံရတဲ့ ဒုတိယမြောက်လူနာဟာ ဖျားနေတာ ရက်ပေါင်းများစွာ ကြာနေပြီး ဂိုမာမြို့ အီဘိုလာရောဂါကုသရေး စင်တာကို ရောက်လာတဲ့ ညပိုင်းမှာပဲ သေဆုံးသွားခဲ့တာပါ။
ဂိုမာမြို့မှာ ပထမဆုံး အီဘိုလာရောဂါ ကူးစက်ခံရတဲ့ လူနာကို တွေ့ရှိခဲ့တဲ့ ဇူလိုင်လလယ်ပိုင်း ကတည်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုင်ငံတကာဆိုင်ရာ ကျန်းမာရေးအရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။
အီဘိုလာရောဂါ လက္ခဏာတွေကတော့ အပြင်းဖျားတာ၊ ခေါင်းကိုက်တာ၊ ဝမ်းပျက်ဝမ်းလျောတာ၊ အော့အန်တာနဲ့ ကြွက်သားနာကျင်တာတို့ ဖြစ်ပါတယ်။
Zawgyi Version
ကြန္ဂိုတြင္ အီဘိုလာေရာဂါ ကူးစက္ခံရသည့္ ဒုတိယေျမာက္လူနာ ေသဆုံး
DVB
ကြန္ဂိုႏိုင္ငံ အေရွ႕ပိုင္း ဂိုမာၿမိဳ႕မွာ အီဘိုလာေရာဂါ ကူးစက္ခံရတဲ့ ဒုတိယေျမာက္လူနာ ေသဆုံးခဲ့ၿပီးေနာက္ ေရာဂါႀကိဳတင္ကာကြယ္ေရးအတြက္ ျပင္ဆင္ေနၾကပါတယ္။
ဂိုမာၿမိဳ႕မွာ အီဘိုလာေရာဂါပိုး ေတြ႕ရွိတယ္လို႔ ဇူလိုင္လ ၃၀ ရက္က အတည္ျပဳ ေၾကညာလိုက္ၿပီးေနာက္ လူဦးေရ ၂ သန္းေနထိုင္တဲ့ အဲဒီၿမိဳ႕မွာ ေရာဂါျပန႔္ပြားႏိုင္တဲ့ အႏၲရာယ္ျမင့္တက္ေနပါတယ္။
ဒါဟာ ကြန္ဂိုႏိုင္ငံမွာ အီဘိုလာေရာဂါပိုး ပထမဆုံး ေတြ႕ရွိတဲ့ ေနရာနဲ႔ မိုင္ ၂၂၀ ေဝးတဲ့ ဂိုမာၿမိဳ႕မွာ ဒုတိယအႀကိမ္ ေရာဂါပိုး ထပ္ေတြ႕တာပါ။
ၿပီးခဲ့တဲ့ႏွစ္က အီဘိုလာေရာဂါေၾကာင့္ ကြန္ဂိုႏိုင္ငံမွာ လူေပါင္း ၁,၈၀၀ ေက်ာ္ ေသဆုံးခဲ့ပါတယ္။
အီဘိုလာေရာဂါ ကူးစက္ခံရတဲ့ ဒုတိယေျမာက္လူနာဟာ ဖ်ားေနတာ ရက္ေပါင္းမ်ားစြာ ၾကာေနၿပီး ဂိုမာၿမိဳ႕ အီဘိုလာေရာဂါကုသေရး စင္တာကို ေရာက္လာတဲ့ ညပိုင္းမွာပဲ ေသဆုံးသြားခဲ့တာပါ။
ဂိုမာၿမိဳ႕မွာ ပထမဆုံး အီဘိုလာေရာဂါ ကူးစက္ခံရတဲ့ လူနာကို ေတြ႕ရွိခဲ့တဲ့ ဇူလိုင္လလယ္ပိုင္း ကတည္းက ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ႏိုင္ငံတကာဆိုင္ရာ က်န္းမာေရးအေရးေပၚ အေျခအေန ေၾကညာခဲ့ပါတယ္။
အီဘိုလာေရာဂါ လကၡဏာေတြကေတာ့ အျပင္းဖ်ားတာ၊ ေခါင္းကိုက္တာ၊ ဝမ္းပ်က္ဝမ္းေလ်ာတာ၊ ေအာ့အန္တာနဲ႔ ႂကြက္သားနာက်င္တာတို႔ ျဖစ္ပါတယ္။
2 years Ago