ကွန်ဂရက်စ်

A d v e r t i s e m e n t With Us

January 25, 2021

ဗီယက်နမ် အာဏာရကွန်မြူနစ်ပါတီ၏ ၁၃ ကြိမ်မြောက် ကွန်ဂရက်စ် ကျင်းပ

ဗီယက်နမ်နိုင်ငံမှာ လက်ရှိ အာဏာရ ကွန်မြူနစ်ပါတီရဲ့ ၁၃ ကြိမ်မြောက် ကွန်ဂရက်စ်ကို ဇန်နဝါရီ ၂၅ ရက်မှာ ကျင်းပခဲ့ပါတယ်။

လာမယ့် ငါးနှစ်အတွင်း ကမ္ဘာ့ပေါ်မှာ ဗီယက်နမ်ရဲ့ အခန်းကဏ္ဍကို ပုံဖော်ဖို့၊ ခေါင်းဆောင်သစ် ရွေးဖို့နဲ့ မူဝါဒတွေ ချမှတ်ဖို့ ကျင်းပတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၅ ရက်ကနေ ဖေဖော်ဝါရီ ၂ ရက်ထိ ကျင်းပမယ့် ကွန်မြူနစ်ပါတီရဲ့ ၁၃ ကြိမ်မြောက် ကွန်ဂရက်စ်မှာ တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးတွေကြား ဟန်ချက်ညီအောင် ထိန်းညှိဖို့ စိန်ခေါ်မှုတရပ် ဖြစ်လာမှာပါ။

ဗီယက်နမ်ရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန် GDP ဟာ ကျန်ခဲ့တဲ့ ငါးနှစ်က ပျမ်းမျှ ၆ ရာခိုင်နှုန်း တိုးတက်နေပြီး ၂၀၂၀ မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးဒဏ် ခံခဲ့ရပေမယ့် ၂.၂ ရာခိုင်နှုန်း ဆက်လက် တိုးတက်နေဆဲ ဖြစ်ပါတယ်။

ဗီယက်နမ်ဟာ ကိုဗစ်ကူးစက်မှု ထိန်းချုပ်ရေး၊ တင်းကြပ်တဲ့ ရောဂါခြေချုပ် စနစ်၊ စမ်းသပ်ရေးနဲ့ ခြေရာကောက်ရေး လုပ်ဆောင်ချက်တွေမှာလည်း အောင်မြင်နေပါတယ်။

အမေရိကန် ဘဏ်ကော်မတီရဲ့ စီးပွားရေးနဲ့ ငွေကြေးမူဝါဒ အကြံပေးဟောင်း ချန်စီကျုံးက “စီးပွားရေးလုပ်ငန်း အများအပြားက သူတို့ရဲ့ ငွေလုံးငွေရင်းတွေကို တရုတ်နိုင်ငံကနေ ဗီယက်နမ်ဆီ ရွှေ့လာနေတယ်၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလှိုင်းက မနှစ်က ဗီယက်နမ်ကို ရိုက်ခတ်တာ မြင့်တယ်။ ဒါကြောင့် GDP က တိုးတက်နေခဲ့တယ် ၂၀၂၁ မှာလည်း ဆက်တိုးနေဦးမယ်။ ဒါဟာ ပို ပြင်းပြင်းထန်ထန်အလုပ်ကြိုးစားဖို့လိုတဲ့ အခွင့်အလမ်းပဲ” လို့ ပြောပါတယ်။

မူဝါဒတွေအပြင် ဗဟိုကော်မတီဝင်တွေနဲ့ ပေါ်လစ်ဗျူရိုအတွက် လူရွေးဖို့ ဖြစ်ပြီး အဓိက ကိုယ်စားလှယ်တွေက ဗီယက်နမ် နိုင်ငံရေးလောကမှာ ကျယ်ကျယ်ပြန့်ပြန့် လူသိများပြီးသား ဖြစ်ပေမယ့် ထိပ်တန်းလျှို့ဝှက်ချက်ကို ဒီဇင်ဘာလက လူသိရှင်ကြား ကြေညာခဲ့ပါတယ်။

အသက် ၇၆ နှစ်အရွယ် ပါတီအကြီးအကဲ ဝင့်ဖူထရွန်ဟာ ဗီယက်နမ်မှာ ဆယ်စုနှစ်ချီ သြဇာ အရှိဆုံးပုဂ္ဂိုလ်ဖြစ်နေပြီး သက်တမ်းအရှည်ဆုံး အတွင်းရေးမှူးချုပ်အဖြစ် ဆက်တည်မြဲနေမယ်လို့ လေ့လာသူတွေက မျှော်လင့်ထားကြပါတယ်။

ဝန်ကြီးချုပ် ဝင့်စွန်းပူးကတော့ လက်ရှိ နေရာ ဒါမှမဟုတ် ပါတီတွင်း ပိုမြင့်တဲ့ရာထူး ဆက်ခံရနိုင်တယ်လို့ အကဲခတ်တွေနဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ သုံးသပ်တင်ပြထားပါတယ်။

1 month Ago
Up