ကွတ်ခိုင်မြို့နယ်၌ တိုက်ပွဲများဖြစ်ပွား၊ ရွာသား ၃၀၀ ကျော်ထွက်ပြေးတိမ်းရှောင်

August 19, 2019

ကွတ်ခိုင်မြို့နယ်၌ တိုက်ပွဲများဖြစ်ပွား၊ ရွာသား ၃၀၀ ကျော်ထွက်ပြေးတိမ်းရှောင်

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာ မြန်မာ့တပ်မတော်နဲ့ တီအန်အယ်အေ အပါအ၀င် မဟာမိတ်တပ်ဖွဲ့ဝင်တွေကြား ပစ်ခတ်မှုတွေဖြစ်ပွားနေပြီး အနီးနားပတ်ဝန်းကျင်ကရွာသား ၃၀၀ ကျော် ထွက်ပြေးပုန်းရှောင်နေရပါတယ်။ ယမန်နေ့ကနေ ဒီကနေ့အထိ ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်နဲ့  နမ့်ကွတ်ရွာအနီးမှာရော၊ နမ့်ခိုင်တံတားနားမှာပါ ရင်ဆိုင်တိုက်ပွဲဖြစ်နေပြီး အသေးစိပ်ကိုတော့ မသိရဘူးလို့ တီအန်အယ်လ်အေပြောခွင့်ရ ဗိုလ်မှူးတာ့အိုက်ကျော်က ဒီဗွီဘီကို ပြောပါတယ်။ “ဒီကနေ့ ကွတ်ခိုင်နမ့်ကွတ်နားတဝိုက်၊  နမ့်ခိုင်တံတားနားနဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တိုက်ပွဲဖြစ်တယ်။ ကျောက်မဲဘက်မှာလည်းဖြစ်တယ်။ အသေးစိပ်တော့ မသိရသေးဘူးခင်ဗျ။ ကွတ်ခိုင်ကတော့ မနေ့ကတည်းက တဘက်နဲ့တဘက်ဆိုင်နေတဲ့အနေအထားရှိပြီး ဒီနေ့ပြန်ဆက်ဖ ဖြစ်နေတာ။” အခုလို တိုက်ပွဲတွေဖြစ်နေလို့ ကွတ်ခိုင်မြို့နယ်ထဲက ရွာသားပေါင်း ၃၀၀ ကျော်ဟာ ကွတ်ခိုင်မြို့ပေါ်ရပ်ကွက် ၁  မဟာစည်ကျောင်းတိုက်မှာ လာပြီးခိုလှုံနေရတယ်လို့ ကွတ်ခိုင်ဒေသခံက ဒီဗွီဘီကို ပြောပါတယ် ။ “ကျနော်တို့ကွတ်ခိုင်မှာ မတည်မငြိမ်ဖြစ်နေတာတော့ ၁၆ ရက်နေ့ကတည်းကပါ။ မဟာမိတ်တပ်ဖွဲ့တွေက လမ်းကြောတွေပိတ်ထားတယ်။ ယာဉ်အသွားအလာ မရှိဘူး။ သေနတ်ပစ်သံတွေ မြို့ထဲကနေ ကြားနေရတယ်။ အခု ရပ်ကွက် ၁ မဟာစည်ကျောင်းတိုက်မှာ စစ်ပြေးရှောင်တွေ ၃၀၀ ကျော်ရောက်နေတယ်။ သူတို့ကတော့ ရွှေ့ပြောင်းအလုပ်သမား လမ်းလုပ်သားတွေ၊  နမ့်ကွတ်၊ နောင်ရွှေ၊ ဟိုနောင်၊ နမ့်ဖတ်ကီး အဲဒီဘက်က ရွာသားတွေ၊ ပြီးတော့ ရပ်ကွက် ၄ ခန္တီကျောင်းတိုက်မှာလည်း ရှိတယ်။ အဲဒါကတော့ ဘယ်ရွာကလဲတော့ မသိဘူးခင်ဗျ။ နောက်ပြီး ကိုယ့်အသိဆွေမျိုးအိမ်တွေ နီးစပ်ရာတွေမှာ သွားနေနေကြတာလည်းရှိတယ်။” မဟာစည်ကျောင်းတိုက်ရောက် စစ်ပြေးရှောင်တွေကို ကွတ်ခိုင်မြို့ပေါ်ရှိ လူမှုကူညီရေး အသင်း၊ အိုင်စီအာရ်စီနဲ့ မေတ္တာလူမှုကူညီရေးအသင်းက စားနပ်ရိက္ခာတွေ လာရောက်ထောက်ပံ့ ထားပြီး နောက်ထပ်လည်း လိုအပ်မှု ရှိနေသေးတယ်လို့ ဆိုပါတယ်။ ကွတ်ခိုင်မှာ ကျောင်းတွေကိုနေ့ဝက်သာဖွင့်ပြီး ဈေးကြီးကိုတော့ မပိတ်ပေမယ့်လည်း ဈေးသည်တွေ မရှိတာကြောင့် ခြောက်ကပ်နေကြောင်း၊ လမ်းပေါ်မှာလည်း လူသွားလူလာ ကင်းရှင်းနေတယ်လို့ ဒေသခံက ပြောသွားပါတယ်။ တီအန်အယ်အေ၊ အေအေနဲ့ ကိုးကန့် မဟာမိတ်တပ်ဖွဲ့ ၃ဖွဲ့နဲ့ မြန်မာ့တပ်မတော်ကြား  ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က စပြီး တိုက်ပွဲဖြစ်ပွါးနေတာကြောင့် ဒေသခံရွာသားတွေဟာ လားရှိုးမြို့ပေါ် မန်ဆူကျောင်းတိုက်၊ လားရှိုးမြို့နယ် မိုင်းတင်၊ ပန်နား၊ မတ်ခီနူ၊ တာယောင် စတဲ့ကျောင်းတိုက်တွေမှာ စုစုပေါင်း ၁၀၀၀ ကျော် ဝင်ရောက်ခိုလှုံနေကြရပါတယ် ။ Photo:Sai Tiger Tai
ကြတ္ခိုင္ၿမိဳ႕နယ္၌ တိုက္ပြဲမ်ားျဖစ္ပြား၊ ႐ြာသား ၃၀၀ ေက်ာ္ထြက္ေျပးတိမ္းေရွာင္ နန္းျမနဒီ ရွမ္းျပည္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ထဲမွာ ျမန္မာ့တပ္မေတာ္နဲ႔ တီအန္အယ္ေအ အပါအ၀င္ မဟာမိတ္တပ္ဖြဲ႕ဝင္ေတြၾကား ပစ္ခတ္မႈေတြျဖစ္ပြားေနၿပီး အနီးနားပတ္ဝန္းက်င္က႐ြာသား ၃၀၀ ေက်ာ္ ထြက္ေျပးပုန္းေရွာင္ေနရပါတယ္။ ယမန္ေန႔ကေန ဒီကေန႔အထိ ကြတ္ခိုင္ၿမိဳ႕နယ္ ျပည္ေထာင္စုလမ္းမႀကီးေပၚနဲ႔  နမ့္ကြတ္႐ြာအနီးမွာေရာ၊ နမ့္ခိုင္တံတားနားမွာပါ ရင္ဆိုင္တိုက္ပြဲျဖစ္ေနၿပီး အေသးစိပ္ကိုေတာ့ မသိရဘူးလို႔ တီအန္အယ္လ္ေအေျပာခြင့္ရ ဗိုလ္မႉးတာ့အိုက္ေက်ာ္က ဒီဗြီဘီကို ေျပာပါတယ္။ “ဒီကေန႔ ကြတ္ခိုင္နမ့္ကြတ္နားတဝိုက္၊  နမ့္ခိုင္တံတားနားနဲ႔ ျပည္ေထာင္စုလမ္းမႀကီးေပၚမွာ တိုက္ပြဲျဖစ္တယ္။ ေက်ာက္မဲဘက္မွာလည္းျဖစ္တယ္။ အေသးစိပ္ေတာ့ မသိရေသးဘူးခင္ဗ်။ ကြတ္ခိုင္ကေတာ့ မေန႔ကတည္းက တဘက္နဲ႔တဘက္ဆိုင္ေနတဲ့အေနအထားရွိၿပီး ဒီေန႔ျပန္ဆက္ဖ ျဖစ္ေနတာ။” အခုလို တိုက္ပြဲေတြျဖစ္ေနလို႔ ကြတ္ခိုင္ၿမိဳ႕နယ္ထဲက ႐ြာသားေပါင္း ၃၀၀ ေက်ာ္ဟာ ကြတ္ခိုင္ၿမိဳ႕ေပၚရပ္ကြက္ ၁  မဟာစည္ေက်ာင္းတိုက္မွာ လာၿပီးခိုလႈံေနရတယ္လို႔ ကြတ္ခိုင္ေဒသခံက ဒီဗြီဘီကို ေျပာပါတယ္ ။ “က်ေနာ္တို႔ကြတ္ခိုင္မွာ မတည္မၿငိမ္ျဖစ္ေနတာေတာ့ ၁၆ ရက္ေန႔ကတည္းကပါ။ မဟာမိတ္တပ္ဖြဲ႕ေတြက လမ္းေၾကာေတြပိတ္ထားတယ္။ ယာဥ္အသြားအလာ မရွိဘူး။ ေသနတ္ပစ္သံေတြ ၿမိဳ႕ထဲကေန ၾကားေနရတယ္။ အခု ရပ္ကြက္ ၁ မဟာစည္ေက်ာင္းတိုက္မွာ စစ္ေျပးေရွာင္ေတြ ၃၀၀ ေက်ာ္ေရာက္ေနတယ္။ သူတို႔ကေတာ့ ေ႐ႊ႕ေျပာင္းအလုပ္သမား လမ္းလုပ္သားေတြ၊  နမ့္ကြတ္၊ ေနာင္ေ႐ႊ၊ ဟိုေနာင္၊ နမ့္ဖတ္ကီး အဲဒီဘက္က ႐ြာသားေတြ၊ ၿပီးေတာ့ ရပ္ကြက္ ၄ ခႏၲီေက်ာင္းတိုက္မွာလည္း ရွိတယ္။ အဲဒါကေတာ့ ဘယ္႐ြာကလဲေတာ့ မသိဘူးခင္ဗ်။ ေနာက္ၿပီး ကိုယ့္အသိေဆြမ်ိဳးအိမ္ေတြ နီးစပ္ရာေတြမွာ သြားေနေနၾကတာလည္းရွိတယ္။” မဟာစည္ေက်ာင္းတိုက္ေရာက္ စစ္ေျပးေရွာင္ေတြကို ကြတ္ခိုင္ၿမိဳ႕ေပၚရွိ လူမႈကူညီေရး အသင္း၊ အိုင္စီအာရ္စီနဲ႔ ေမတၱာလူမႈကူညီေရးအသင္းက စားနပ္ရိကၡာေတြ လာေရာက္ေထာက္ပံ့ ထားၿပီး ေနာက္ထပ္လည္း လိုအပ္မႈ ရွိေနေသးတယ္လို႔ ဆိုပါတယ္။ ကြတ္ခိုင္မွာ ေက်ာင္းေတြကိုေန႔ဝက္သာဖြင့္ၿပီး ေဈးႀကီးကိုေတာ့ မပိတ္ေပမယ့္လည္း ေဈးသည္ေတြ မရွိတာေၾကာင့္ ေျခာက္ကပ္ေနေၾကာင္း၊ လမ္းေပၚမွာလည္း လူသြားလူလာ ကင္းရွင္းေနတယ္လို႔ ေဒသခံက ေျပာသြားပါတယ္။ တီအန္အယ္ေအ၊ ေအေအနဲ႔ ကိုးကန႔္ မဟာမိတ္တပ္ဖြဲ႕ ၃ဖြဲ႕နဲ႔ ျမန္မာ့တပ္မေတာ္ၾကား  ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၅ ရက္ေန႔က စၿပီး တိုက္ပြဲျဖစ္ပြါးေနတာေၾကာင့္ ေဒသခံ႐ြာသားေတြဟာ လားရႈိးၿမိဳ႕ေပၚ မန္ဆူေက်ာင္းတိုက္၊ လားရႈိးၿမိဳ႕နယ္ မိုင္းတင္၊ ပန္နား၊ မတ္ခီႏူ၊ တာေယာင္ စတဲ့ေက်ာင္းတိုက္ေတြမွာ စုစုေပါင္း ၁၀၀၀ ေက်ာ္ ဝင္ေရာက္ခိုလႈံေနၾကရပါတယ္ ။ Photo:Sai Tiger Tai
2 years Ago
Up