ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းဟာ ပရိသတ် ၅၂၀၀၀ ဝင်ဆံ့တဲ့ ကွင်းသစ်စီမံကိန်းကို လာမယ့် ၂၀၂၀ ခုနှစ်မှာ စတင်ဆောက်လုပ်ဖို့ ရှိနေပါတယ်။
ဘရန်မလီမော ဆိုတဲ့ နာမည်နဲ့ ခွင့်ပြုမိန့် တင်ထားတဲ့ ကွင်းသစ်ရဲ့ နောက်ဆုံး အပြီးသတ် ဒီဇိုင်းပုံစံကို မကြာသေးခင်က တရားဝင် ထုတ်ဖော်ကြေညာခဲ့ပြီးတော့ လက်ရှိမှာ လီဗာပူးမြို့တော်ကောင်စီနဲ့ အသေးစိတ်ဆွေးနွေးညှိနှိုင်းနေပါတယ်။
စတာလင်ပေါင် သန်း ၅၀၀ လောက်နီးပါး အကုန်ကျခံ တည်ဆောက်သွားမယ့် အဲဒီကွင်းသစ်ကြီးကိုတော့ ရှေးမူလက်ရာမပျက်ဘဲ ခေတ်ပေါ်ဒီဇိုင်းတွေနဲ့ ပေါင်းစပ် တည်ဆောက်သွားမယ်လို့ အဲဗာတန်ကလပ်က ကြေညာထားပါတယ်။
ဂူဒီဆင်ပေါ့ခ်ကို တည်ဆောက်ခဲ့တဲ့ ဗိသုကာပညာရှင်ဖန်တီးမှု အငွေ့အသက်တွေ ကျန်ရှိအောင်လည်း ကွင်းရဲ့အောက်ခြေပိုင်းကို အုတ်နဲ့ တည်ဆောက်ပြီး ဖန်သားဒီဇိုင်းနဲ့လည်း ပေါင်းစပ်ဒီဇိုင်းဆင်သွားမှာ ဖြစ်ကာ ၃ နှစ်အတွင်းအပြီး တည်ဆောက်သွားဖို့ ရည်မှန်းထားပါတယ်။
1 year Ago