ကွင်းလယ်သမား

February 5, 2020

မန်ယူ ကွင်းလယ်သမား ပေါ့ဘာ အသင်းပြောင်းရန် ဆန္ဒရှိနေ

ကွင်းလယ်သမား ပေါ့ဘာက လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာချင်တယ်လို့ မန်ချက်စတာယူနိုက်တက် အသင်းဖော်တွေကို ပြောဆိုခဲ့တယ်လို့ ဗြိတိသျှ မီဒီယာတချို့မှာ ဖော်ပြနေပါတယ်။ အသက် ၂၆ နှစ်အရွယ် ပေါ့ဘာဟာ လတ်တလော ခြေချင်းဝတ်ဒဏ်ရာကြောင့် ကာလာကြာရှည် အနားယူနေရပါတယ်။ သူ့ကို ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်အသင်းတို့က ခေါ်ယူဖို့ ကြိုးစားနေတာပါ။  ပြင်သစ်ကွင်းလယ်သမား ပေါ့ဘာရဲ့ လက်ကျန်စာချုပ်သက်တမ်းဟာ ၁၈ လပဲ ကျန်တော့ပြီး ပြောင်းရွှေ့ကြေးအနေနဲ့ ပေါင်သန်း ၁၈၀ အဖြစ် ယူနိုက်တက်က သတ်မှတ်ထားပါတယ်။
3 years Ago

January 29, 2020

အင်တာမီလန်က ကွင်းလယ်သမား အဲရစ်ဆန်ကို ပေါင် ၁၇ သန်းဖြင့် ခေါ်ယူ

စီးရီးအေကလပ် အင်တာမီလန်အသင်းက ဒိန်းမတ် ကွင်းလယ်သမား အဲရစ်ဆန်ကို  ပေါင် ၁၇ သန်းဝန်းကျင်နဲ့ အပြီးသတ် ခေါ်ယူနိုင်လိုက်ပြီ ဖြစ်ပါတယ်။ အင်တာမီလန်ဟာ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်သမား အဲရစ်ဆန်ကို စပါးအသင်းကနေ ၄ နှစ်ခွဲစာချုပ်နဲ့ ခေါ်ယူထားတာပါ။ နည်းပြကွန်တီရဲ့ အင်တာမီလန်ဟာ ဒီနှစ်ရာသီထဲမှာ တိုက်စစ်မှူး လူကာကူ၊ ဆန်းချက်ဇ်တို့လို နာမည်ကြီး ကစားသမားတွေကို ခေါ်ယူထားပါတယ်။  ကွင်းလယ်သမား အဲရစ်ဆန်ဟာ စပါးကို ၂၀၁၃ မှာ ရောက်ရှိကာ အသင်းအတွက် ဂိုးပေါင်း ၅၁ ဂိုး သွင်းယူပေးထားပြီး အသင်းဖော်တွေအတွက် ၆၂ ဂိုးရအောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။
3 years Ago

မန်ယူနိုက်တက်က ကွင်းလယ်သမား ဘရိုနို ဖာနန်ဒက်စ်ကို ခေါ်ယူရန် နီးစပ်

မန်ချက်စတာယူနိုက်တက်အသင်းက စပို့တင်းလစ္စဘွန်း ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ နီးစပ်နေပြီး ကစားသမားအတွက် မူလပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၄၇ သန်း သတ်မှတ်ထားပါတယ်။ မန်ယူနိုက်တက်ကတော့ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်သမား ဖာနန်ဒက်စ်ကို ဇန်နဝါရီ အပြောင်းအရွှေ့မပိတ်ခင် ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။  မန်ယူနိုက်တက်က အခု ဇန်နဝါရီ အပြောင်းအရွေ့အတွင်း ဘူရူနိုဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ပါက ပရီးမီးယားလိဂ်မှာ နာမည်ကြီး ကစားသမား ခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်မှာပါ။ ဖာနန်ဒက်စ်ဟာ ပေါ်တူဂီ အမှတ်ပေးလိဂ်မှာ နှစ်ရာသီ ဆက်တိုက် အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးထားပါတယ်။
3 years Ago
Up