ကွင်းလယ်လူ အာသာ

June 24, 2020

ဘာစီလိုနာကွင်းလယ်လူ အာသာကို ပေါင် ၇၂ ဒသမ ၅ သန်းဖြင့် ခေါ်ယူရန် ဂျူဗင်တပ်စ် သဘောတူညီမှုရ

ဂျူဗင်တပ်စ်အသင်းဟာ ဘာစီလိုနာကွင်းလယ်လူ အာသာကို ပေါင် ၇၂ ဒသမ ၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမူရခဲ့ပြီလို့ သိရပါတယ်။  အာသာဟာ ဘရာဇီးကလပ် ဂရီမီယိုအသင်းကနေ ပေါင်၂၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး စုစုပေါင်းပွဲ ၇၀ အထိ ကစားထားပါတယ်။  စကိုင်းစပေါ့ရဲ့ အဆိုအရ အာသာအနေနဲ့ ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒမရှိဘဲ အသင်းမှာပဲ နေရာရဖို့ တိုက်ပွဲဝင်သွားလိုတယ်လို့ သိရပါတယ်။  အာသာအနေနဲ့ ဂျူဗင်တပ်စ်ဆီ ပြောင်းရွှေ့မယ်ဆိုရင်တော့ တစ်နှစ်လုပ်ခ ပေါင် ၄ ဒသမ ၅ သန်းရရှိမှာဖြစ်ပြီး စီရော်နယ်ဒို ပြီးနောက် ဂျူဗင်တပ်စ်အသင်းရဲ့ ဝင်ငွေအများဆုံး ကစားသမား ဖြစ်လာမယ်လို့ သိရပါတယ်။  ဘာစီလိုနာအသင်းဘက်ကတော့ ဂျူဗင်တပ်စ် ကွင်းလယ်လူ ပီယာနစ်ကို ပြန်လည်ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။
11 months Ago
Up