ကွင်းလယ်နှင့်ဗဟိုခံစစ်မှူး

February 6, 2020

ယူရို ၂၀၂၀ မတိုင်မီ ကွင်းလယ်နှင့်ဗဟိုခံစစ်မှူး အာဆင်နယ် ခေါ်မည်

အာဆင်နယ်အသင်းရဲ့နည်းပြ အာတီတာဟာ အသင်းကို ပြန်လည်တည်ဆောက်ဖို့ ယူရို ၂၀၂၀ မတိုင်မီ ကွင်းလယ်ကစားသမား နှစ်ယောက်နဲ့ ဗဟိုခံစစ်မှူး တယောက်ကို ခေါ်ယူအားဖြည့်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ ပါဘလိုမာရီနဲ့ ဆီဒရစ် ဆိုရေးစ်ကို ခေါ်ယူထားပေမယ့် ကွင်းလယ်ပိုင်းကို ပိုမိုအားဖြည့်လိုနေတာဖြစ်ပါတယ်။ အာတီတာ လိုချင်နေတဲ့ ကစားသမားပုံစံမျိုးကတော့ ခံစစ်နဲ့တိုက်စစ်နှစ်မျိုးစလုံးကို လိုက်ပါကစားနိုင်မယ့် ကွင်းလယ်ကစားသမားမျိုးလို့ သိရပြီးတော့ ကွင်းလယ်ဖန်တီး ရှင်တယောက်ကိုလည်း အလိုရှိနေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ လက်ရှိအနေအထားအရ တိုက်စစ်မှူး အူဘာမီယန်းကို ဘာစီလိုနာအသင်းထံ လက်လွှတ်ရဖွယ်ရှိနေပြီး နယ်သာလန်ဖွား တူရကီနိုင်ငံသား ဖီယင်နော့ဒ်လူငယ်ကွင်းလယ်ကစားသမား အော်ကန်ကောခ့်ကူကို မျက်စိကျနေတယ်လို့ သိရပါတယ်။
2 years Ago
Up