ကွင်းလယ်ကစားသမား အိုဇေးလ်

A d v e r t i s e m e n t With Us

December 21, 2019

အိုဇေးလ်၏ ကစားပုံ အာနည်းချက်ရှိနေဟု အာဆင်နယ်နည်းပြဟောင်း ဝေဖန်

ကွင်းလယ်ကစားသမား အိုဇေးလ်ရဲ့ စိတ်ဓာတ်ပြင်းပြင်းပြပြနဲ့ကစားပုံမှာ အားနည်းချက်တွေ ရှိတယ်လို့ နည်းပြဟောင်း အူနိုင်းအမ်မရီက ဝေဖန်လိုက်ပါတယ်။ အာဆင်နည်းပြဟောင်း အူနိုင်းအမ်မရီဟာ အာဆင်နယ်အသင်းကို ကိုင်တွယ်စဉ်က အိုဇေးလ်ကို ပွဲထွက်လူစာရင်းကနေ  ချန်လှပ်ခဲ့ဖူးပါတယ်။  အိုဇေးလ်ဟာ အရေးပါတဲ့ ကစာသးမား ဖြစ်ပေမယ့် ပွဲကို စိတ်ဓာတ်ပြင်းပြင်းနဲ့ ဖိအားပေး ကစားနိုင်မှုမှာ အားနည်းချက်တွေရှိတယ်လို့ အမ်မရီက ဝေဖန်ခဲ့ပါတယ်။  တိုက်စစ်ကစားသမားတွေနဲ့ ချိတ်ဆက်ကစားနိုင်မူမှာ အိုဇေးလ်က ကောင်းမွန်ပေမယ့်လည်း အဲဒီလိုလုပ်နိုင်ဖို့ သူ့ရဲ့ဘေးမှာ ဝန်းရံပေးနိုင်မယ့် ကစားသမားတွေကို နေရာချထားပေးရကြောင်း၊ စိတ်ဓာတ်ပြင်းပြင်းပြပြနဲ့ ကစားဖို့ လိုအပ်ချိန်မှာတော့ အိုဇေးလ်အနေနဲ့ အကောင်းဆုံး ခြေစွမ်းမရခဲ့ဘူးလို့ အမ်မရီက ပြောပါတယ်။  နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တဲ့ အာတီတာနဲ့ ပတ်သက်ပြီး ပြောကြားရာမှာတော့ အသင်းအနေနဲ့ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တခုကို ချမှတ်ခဲ့တာ ဖြစ်တယ်လို့ အမ်မရီက ထောက်ခံစကား ဆိုခဲ့ပါတယ်။
1 year Ago
Up