ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ရွှေ့ဆိုင်းမလား၊ ကွင်းပိတ်ကျင်းပမလားဆိုတာ တနင်္လာနေ့မှာ ဆွေးနွေးတော့မယ်လို့ သိရပါတယ်။
ဗြိတိန်ကျွန်းစုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူစုစုပေါင်း ၁၆၄ ဦးအထိ ရှိလာပြီး သေဆုံးသူ ၂ ဦးရှိသွားပြီဖြစ်ပါတယ်။
မတ် ၆ ရက် တရက်တည်းမှာပဲ စုစုပေါင်း ၄၇ ဦးအထိ ကူးစက်ခံထားရတာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုလည်း ရွှေ့ဆိုင်းတာ ဒါမှာမဟုတ် ကွင်းပိတ်ကျင်းပဖို့ ဆွေးနွေးတော့မှာဖြစ်ပါတယ်။
အီတလီ နိုင်ငံမှာလည်း အားကစားပွဲတွေကို ရွှေ့ဆိုင်းထားသလို စီးရီးအေပွဲစဉ်တွေကိုလည်း ကွင်းပိတ်ကျင်းပတာတွေ ပြုလုပ်ခဲ့တာပါ။
ပရီးမီးယားလိဂ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် ဘယ်လိုအစီအစဉ်တွေလုပ် ဆောင်မလဲဆိုတာကို အားကစားတာဝန်ရှိသူတွေနဲ့ ရုပ်သံကုမ္ပဏီတွေက တနင်္လာနေ့မှာဆွေးနွေးပြီး ဆုံးဖြတ်ချက်ချမယ်လို့ သိရပါတယ်။
12 months Ago