ကြွေးမြီ

A d v e r t i s e m e n t With Us

May 22, 2020

မန်ယူနိုက်တက်အသင်း ကြွေးမြီပမာဏ  ၄၂ ရာခိုင်နှုန်းတိုးလာ၊ ပေါင် ၄၂၉ သန်း အထိရှိနေ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကြွေးမြီပမာဏဟာ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကာလအတွင်း ပိုမို ဆိုးရွားလာခဲ့ပြီး ပေါင် ၄၂၉ သန်းအထိ ရှိနေပြီလို့ သိရပါတယ်။  အသင်းရဲ့ ပထမ ၃ လတာကာလအတွင်း ဘဏ္ဍာရေးစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ပြီးခဲ့တဲ့နှစ်ထက် ဝင်ငွေ ၁၉ ရာခိုင်နူန်း လျော့ကျသွားခဲ့ပြီး ကြွေမြီပမာဏက ၄၂ ရာခိုင်နူန်းအထိ ခုန်တက်သွားခဲ့တာပါ။  ယူနိုက်တက်အသင်းဟာ အခုနှစ် ပထမသုံးလတာကာလအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပေါင်သန်း ၃၀ နစ်နာခဲ့ရပါတယ်။  အရင်က ကြွေးမြီပေါင် ၁၂၇ သန်းရှိရာကနေ လက်ရှိအချိန်မှာတော့ ပေါင် ၄၂၉.၁သန်းအထိ ရှိလာတယ်လို့ သိရပါတယ်။  ယူနိုက်တက်အသင်း ဒုတိယဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝါ့ဒ်ကလည်း ဗိုင်းရပ်စ် အကျပ်အတည်းကနေ ဆုံးရှုံးမှုတွေ ရှိခဲ့လို့ အသင်းအပေါ်မှာ ကြီးမားတဲ့ ရိုက်ခတ်မူဖြစ်ခဲ့ကြောင်း သုံးသပ် ပြောကြားသွားခဲ့ပါတယ်။ 
9 months Ago

April 16, 2020

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ ၂၀၂၀ နှစ်ကုန်အထိ ကြွေးမြီဆပ်ရန် မလို 

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေရဲ့ ကြွေးမြီပြန်ပေးဆပ်မှုကို  မေလ ၁ ရက်ကနေ ဒီနှစ်ကုန် အထိ ခေတ္တဆိုင်းငံ့ပေးဖို့ G20 နိုင်ငံဘဏ္ဍာရေးအရာရှိတွေက  ဧပြီ ၁၅ ရက်မှာ သဘောတူခဲ့ပါတယ်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ အာဖရိက နိုင်ငံတွေဖြစ်တဲ့ မိုဇမ်ဘစ် ၊ လိုက်ဘေးရီးယား၊  ဘာကီနာဖာဆိုနဲ့ ဆီယာလီယွန်တို့ပါဝင်ပါတယ်။     G20 အဖွဲ့က ပုဂ္ဂလိက မြီရှင်တွေကို   အခြေခံသတ်မှတ်ချက်နဲ့ ဒီအစီအစဉ်မှာ ပါဝင်ဖို့  တိုက်တွန်းခဲ့ပါတယ်။    ဒီအစီအစဉ်ဟာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ချိန် ကမ္ဘာ့စီးပွားရေး ကောင်းအောင် မြှင့်တင်ဖို့ ကြိုးပမ်းမှု တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။   အိုပက်နဲ့ မိတ်ဖက်နိုင်ငံတွေ ရခဲ့တဲ့ သဘောတူညီချက်အပေါ်  စွမ်းအင်ဝန်ကြီးတွေ ထောက်ခံတာကို ရည်ညွှန်းပြီး G20 အဖွဲ့ဟာ စွမ်းအင်ဈေးကွက် တည်ငြိမ်ရေးကို  လိုလား နေပါတယ်။     ဒစ်ဂျစ်တယ်စီးပွားရေးမှာ အခွန်ကိစ္စတွေ လုပ်ဆောင်နိုင်ဖို့  G20 အဖွဲ့ဟာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံဖြိုးရေးအဖွဲ့အစည်း   OECD အပါအဝင် တခြားပတ်သက်သူတွေနဲ့ လက်တွဲ လုပ်ဆောင်နေတယ်လို့လည်း ဆော်ဒီ ဘဏ္ဍာရေးဝန်ကြီးက ထပ်လောင်း ပြောပါတယ်။   ဆော်ဒီအာရေဗျနိုင်ငံဟာ  ဒီနှစ် G20 အစည်းဝေးတွေကို လက်ခံကျင်းပတဲ့ နိုင်ငံ ဖြစ်တယ်လို့လည်း  ရိုက်တာသတင်းအရ သိရပါတယ်။  
11 months Ago
Up