ကြွေလွင့်နွေဦးတော်လှန်ရေးကြယ်ပွင့်များ

August 11, 2021

ကြွေလွင့်နွေဦးတော်လှန်ရေးကြယ်ပွင့်များအတွက် ၄၄/၅ လှုပ်ရှားမှု အားလုံးပါဝင်နိုင်

စစ်အာဏာရှင်ဆန့်ရှင်ရေး နွေဦးတော်လှန်ရေးကာလမှာ ကြွေလွင့်သွားခဲ့ရတဲ့ သူရဲကောင်းကြယ်ပွင့်တွေအတွက် ၄၄/၅ လှုပ်ရှားမှုမှာ အားလုံးပါဝင်ကြဖို့ နှိုးဆော်ထားပါတယ်။

ဒါကတော့ ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းမှာ   ဩဂုတ် ၁၀ ရက် ညနေက အကြမ်းဖက်စစ်ကောင်စီတပ်တွေက လိုက်ဖမ်းစဉ် လူငယ်တွေ တိုက်ပေါ်က ထွက်ပြေးခုန်ချခဲ့တဲ့ ဖြစ်စဉ်မှာ ကြွေလွင့်ခဲ့ရတဲ့ သူရဲကောင်းလူငယ်တွေအတွက် ကြေကွဲခြင်း အထိမ်းအမှတ် လှုပ်ရှားမှုအနေနဲ့ လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။

ကြွေသွားတဲ့ကြယ်​တွေအတွက် ကြေကွဲမှု​တွေကို အွန်လိုင်းပေါ်တင်မဟုတ် လက်​တွေ့​ဖော်ထုတ်ကြတဲ့အနေနဲ့ အိမ်တိုင်းအိမ်တိုင်း မီးမှိတ်ထားပြီး ည ၈ နာရီကနေ ၈ နာရီ ၁၅ မိနစ်အထိ သံပုံးတွေအကျယ်ကြီးတီးကြရင်း ပါဝင်နိုင်မှာဖြစ်ကာ  သံပုံးတီးလို့ အပြီးသတ်မှာ "ကမ္ဘာမ​ကြေဘူး "လို့ ၅ ကြိမ်တိတိ အကျယ်​လောင်ဆုံးဟစ်​ကြွေးကြကာ အာဏာရှင်ကို အပြီးတိုင်မောင်းထုတ်ဖို့ အင်အားပြကြရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေး ကာလဟာ ၆ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန ချက်အရ ဩဂုတ် ၁၀ ရက်နေ့အထိ အာဏာသိမ်းစစ် ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၉၆၅ ယောက်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

4 months Ago
Up