ကျွန်းစုတွင် စက်လှေကိုမိုးကြိုးပစ်၍ တံငါသည် ၁ဦး သေဆုံး

A d v e r t i s e m e n t With Us

March 28, 2018

ကျွန်းစုတွင် စက်လှေကိုမိုးကြိုးပစ်၍ တံငါသည် ၁ဦး သေဆုံး

  မြိတ်ခရိုင် ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာ ဆိပ်ကမ်းမှာ မတ်လ ၂၅ ရက်က ဘုရားပွဲကို လာတဲ့စက်လှေငယ်တစ်စီးကို မိုးကြိုးထိမှန်ပြီး တံငါသည်အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ကျွန်းစုမြို့နယ်၊ ကဘင်းကျေးရွာအုပ်စု သဲအော်ကျေးရွာက စက်လှေငယ်ဟာ  စခန်းသစ်ကျေးရွာ ဘုရားပွဲသို့ လာရောက်စဉ် မတ်လ ၂၅ ရက်ည ၈ နာရီလောက်က မိုးရွာလို့ ဆိပ်ခံဘောတံတားမှာ စက်လှေ ကြိုးချည်စဉ် မိုးကြိုးထိမှန်ခဲ့တာပါ။ စခန်းသစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထိုက်က “ရွာဘုရားပွဲကို လာတာပါ၊ စက်လှေပေါ်မှာ ၃ ဦးပါလာတယ်။ စခန်းသစ်ကျေးရွာရှိ ဆိပ်ခံဘောတံတားမှာ ဆိုက်ကပ်ပြီး၊ တစ်ယောက်တည်း ကျန်နေပြီး ကြိုးချဉ်နေရာက မိုးကြိုးထိမှန်ပြီး သေဆုံးတာ”လို့ ပြောပါတယ်။ မိုးကြိုးထိမှန်သေဆုံးသူဟာ ဦးဇော်မင်း (ခ) ကုလား အသက် ၃၂ နှစ်ရှိ တံငါသည်တစ်ဦး ဖြစ်ပြီး  ကံမော်နယ်မြေ ရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့်လှစ်ထားပါတယ်။ သတင်း - ဇော်ဇော် (မြိတ်)
3 years Ago
Up