ကြံ့ခိုင်ရေးရုံး

July 24, 2021

အင်းတော်မြို့ ကြံ့ခိုင်ရေးရုံး မီးလောင်

စစ်ကိုင်းတိုင်း အင်းတော်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးမှာ ဇူလိုင် ၂၄ ရက်နေ့ မနက်ပိုင်းက မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

ကြံ့ခိုင်ရေးရုံးမှာ ဒီနေ့မနက် ၁ နာရီခွဲလောက်က မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးသတ်နဲ့ ရဲတပ်ဖွဲ့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့လို့ ၂ နာရီလောက်မှာ မီးငြိမ်းသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ပါတီရုံး အနည်းအကျဉ်းသာ ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်တာတော့ မရှိဘူးလို့ ဆိုပါတယ်။

6 months Ago

July 13, 2021

ကသာမြို့ တွင် ဗုံး ၂ လုံး ပေါက်ကွဲ

စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ ဇူလိုင် ၁၂ ရက်နေ့ ည ၇ နာရီလောက်က မြို့နယ်ကြံ့ခိုင်ရေးရုံးနဲ့ ရပ်ကွက်ဥက္ကဋ္ဌရဲ့ နေအိမ်တွေမှာ ဗုံး ၂ လုံး ကွဲခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အခုဗုံးပေါက်တာ ကြံ့ခိုင်ရေးရုံး နဲ့ ရပ်ကွက်ရဥက္ကဋ္ဌ ဦးမောင်မောင်နေအိမ် ဗုံးပေါက်ကွဲတာ၊ ထိခိုက်တာတွေ မရှိဘူး။ စစ်သားတွေ မြို့ထဲ သေနတ်တွေနဲ့ ပစ်တယ်၊ လူနေအိမ်တွေ ကျည်ဆန်မှန်တာတွေ ရှိတယ်။” 

ဒါ့အပြင် တချို့သတင်းတွေမှာ ရေးထားသလို မြို့မရဲစခန်းကို PDF က ဝင်တိုက်တာမဟုတ် ဘူးလို့ ဆိုပါတယ်။

7 months Ago
Up