ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ထပ်မံအရေးနိမ့်

January 3, 2021

ပဲခူးတိုင်းဝန်ကြီးချုပ်ကို ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်းက ကန့်ကွက်လွှာတင်

ဗိုလ်ချုပ်ပုံပါ ၅၀၀ တန်ကို ကလေးတွေအား ပေးခဲ့တဲ့အပေါ် ငွေပေး မဲဆွယ်စည်းရုံးခဲ့တယ်ဆိုပြီး ပဲခူးတိုင်းဝန်ကြီးချုပ်ကို ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲကော်မရှင်ဆီ ကန့်ကွက်လွှာတင်သွင်းထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ စည်းရုံးရေးကာလတခုဖြစ်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ညနေ ၄ နာရီခွဲလောက်က ရေတာရှည်မြို့နယ်၊ နက်တောင်ကျေးရွာအုပ်စု၊ အင်ကျင်းမြိုင်ကျေးရွာက ပြည်သူတွေကို ပဲခူးတိုင်းဝန်ကြီးချုပ်ကနေ ငွေပေးပြီး စည်ရုံးမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီကို ပြည်ခိုင်ဖြိုးပါတီရုံးချုပ်ကနေတဆင့် တင်သွင်းထားတယ်လို့ ရေတာရှည်မြို့နယ်မဲဆန္ဒနယ် မြေအမှတ် ၂ မှာ ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခဲ့တဲ့ ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ထွန်းက ပြောပါတယ်။ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကတော့ အဲဒီနေ့က ရေတာရှည်မြို့နယ် အင်ကျင်းမြိုင်ရွာကို ရွေးကောက်ပွဲ ခရီးစဉ်အနေနဲ့သွားခဲ့တာမဟုတ်ဘဲ ကုန်ထုတ်လမ်းတခုကို သွားကြည့်ရင်းနဲ့ ပြည်သူတွေက ကြိုဆိုကြတာလို့ ပြောပါတယ်။ “အဲဒီအထဲမှာ ပါလာတဲ့ ကလေးတွေကို ဗိုလ်ချုပ်ပုံပါတဲ့ ၅၀၀ တန်လေးတွေ အမှတ်တရပေးတာပါ၊ အဲဒီထဲမှာမှ လူလတ်ပိုင်းတွေလည်း ရောပါသွားခဲ့တာ။ အခုလို ငွေ ၅၀၀ ပေးပြီး မဲဆွယ်စည်းရုံးတယ်ဆိုပြီး ပြောတာကတော့ ရယ်စရာတောာင် ဖြစ်နေတယ်။”    အခုလို ငွေပေးပြီး မဲဆွယ်စည်းရုံးတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီက အဲဒီကိုယ်စားလှယ်လောင်းကနေ မြို့လှနယ်မြေရဲစခန်းမှာလည်း နိုဝင်ဘာ ၂၂ ရက်နေ့က တိုင်ကြားထားခဲ့ပါတယ်။ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းဝင်းက “စွပ်စွဲတဲ့အပေါ် မှန်ကန်အောင် တင်ပြနိုင်ရင်တော့ တမျိုးပေါ့။ မှန်ကန်အောင် မတင်ပြနိုင်ရင်တော့ တရာ;စွဲခံရမယ်။ သူ့ကို ပြန်တိုင်ထားတာ ရှိတယ်” လို့  ပြောပါတယ်။ နှစ်ဖက်အပြန် အလှန်တိုင်ကြားမှုနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်အဆင့်ဖြစ်နေတဲ့အတွက် မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်ဆင့်ကို တင်ပြထားပြီး ညွှန်ကြားချက် ပြန်ကျလာရင်တော့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမယ်လို့ မြို့လှရဲစခန်းမှူးက ပြောပါတယ်။ သတင်း - အောင်စိုးမိုး
11 months Ago

November 9, 2020

ပုဗ္ဗသီရိမြို့နယ်၌ ကာကွယ်ရေးဝန်ကြီးဟောင်း ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ထပ်မံအရေးနိမ့် 

နေပြည်တော်၊ ပုဗ္ဗသီရိမဲဆန္ဒနယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက်  ပြိုင်ဆိုင်မှုမှာတော့ ကြံ့ခိုင်ရေးပါတီက ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်အနေနဲ့ ပြိုင်ဖက်ဟောင်းဖြစ်တဲ့ အန်အယ်လ်ဒီပါတီက ဦးရည်မွန်(ခ)မောင်တင်သစ်ကို ထပ်မံရှုံးနိမ့် သွားပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးဝေလွင်ဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဦးရည်မွန်ကို မဲ ၁၇၆ မဲ အကွာနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး အခုရွေးကောက်ပွဲမှာ ပြန်လည်အနိုင်ရရှိမယ်လို့ မျှော်လင့်ထားခဲ့တာပါ။  ဒါပေမဲ့ နောက်ဆုံး မဲရလဒ်တွေကို ရေတွက်ပြီးချိန်မှာတော့ အရင်ရွေးကောက်ပွဲထက် မဲကွာဟမှု ပိုမိုများပြားခဲ့ပြီး မဲ ၁၀၀၀၀ ကျော်  ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။ ပုဗ္ဗသီရိမြို့နယ်မှာ မဲရုံ ၇၉ ရုံ၊ ဆန္ဒမဲပေးခွင့်ရှိသူ ၉၀၀၀၀ ကျော်ရှိရာမှာ ကော်မရှင် အတည်ပြုချက်အရ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးရည်မွန်က မဲ ၄၃၀၀၀  ကျော်အထိ ရရှိခဲ့ပြီး ကြံ့ခိုင်ရေး ဦးဝေလွင်က ၃၂၀၀၀  ကျော်ရရှိခဲ့တာလည်းဖြစ်ပြီး ဦးရည်မွန်အနေနဲ့ နောက်ဆုံးပိတ် ပုံစံ ၁၉ မှာ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။ လတ်တလောရရှိထားတဲ့ အချက်အလက်တွေအရ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၈ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၂ နေရာရှိတဲ့အနက် အန်အယ်လ်ဒီပါတီက ၂၀၁၅ ခုနှစ်တုန်းကအတိုင်း ဇေယျာသီရိ ပြည်သူ့လွှတ်တော်တစ်နေရာသာ ရှုံးနိမ့်ပြီး ကျန်နေရာတွေမှာတော့ အနိုင်ရရှိနေပါတယ်။ ဓါတ်ပုံ - Mg Yee Mon's Facebook
1 year Ago
Up