ကြေးနီမျက်နှာဖုံ

A d v e r t i s e m e n t With Us

April 2, 2020

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး ကြေးနီမျက်နှာဖုံးသုံးကြရန် ချီလီကုမ္ပဏီ လှုံ့ဆော်

သရီးဒီပရင့်တာနဲ့ ထုတ်လုပ်နိုင်ပြီး ပြန်သုံးလို့ရတဲ့ ကြေးနီမျက်နှာဖုံးတွေကို  များများသုံးကြ ဖို့ ချီလီကုမ္ပဏီတခုက လှုံ့ဆော်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်း ပိတ်စနဲ့လုပ်တဲ့ မျက်နှာဖုံးအကာတွေ ပြတ်လပ်မှုဖြစ်လာချိန်မှာ ချီလီရဲ့ Copper3D ကုမ္ပဏီက လွှင့်ပစ်စရာ၊ အမှိုက်ရှုပ်  စရာမလိုတော့ဘဲ ဘက်တီးရီးယားတွေကိုလည်း သတ်နိုင်စွမ်းရှိတဲ့ ကြေးနီသတ္တုကို အစားထိုးသုံးဖို့ တိုက်တွန်း နေတာပါ။  ကမ္ဘာ့အကြီးဆုံးကြေးနီကုမ္ပဏီဖြစ်တဲ့ ချီလီအစိုးရပိုင်ကုမ္ပဏီ ကိုဒဲလ်ကို Codelco ကလည်း ကြေးနီကို အသုံးချပုံနည်းသစ်တွေ ဖွံ့ဖြိုးဖို့ အားပေးနေပါတယ်။  NanoHack 2.0 လို့ခေါ် တဲ့ အဲဒီကြေးနီသတ္တုသုံး မျက်နှာဖုံးတွေကို သရီးဒီပရင့်တာနဲ့ ပုံနှိပ်ထုတ်လုပ်ဖို့ ငါးနာရီ  လောက်ကြာပြီး၊ အခု အခါ ကုမ္ပဏီရဲ့ဝက်ဘ်ဆိုက်မှာ အခမဲ့ download ဆွဲလို့ရအောင် တင်ထားပေးတာ ကနဦးမော်ဒယ်ကိုပဲ download ဆွဲကြတာ အကြိမ်ရေ ၅ သန်းကျော်ပြီလို့ သိရပါတယ်။  အဆိုပါ မျက်နှာဖုံးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ နည်းစနစ်တွေအရ ရေဆေး၊ ပိုးသတ်နိုင်ပြီး အပူရှိန်ဒဏ်မခံနိုင် တာကလွဲလို့  ဆေးကုသရေးမှာ အသုံးဝင်တယ်လို့ ရိုက်တာသတင်းက ရေးထားပါတယ်။
11 months Ago
Up