ဖိလစ်ပိုင် ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ ဒီဇင်ဘာ ၁ ရက်ပွဲစဉ်တွေ ကစားအပြီးမှာ မြန်မာအားကစားအဖွဲ့က ငွေတံဆိပ် ၂ ခု၊ ကြေးတံဆိပ် ၈ ရရှိထားပြီး နိုင်ငံအလိုက် အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။
အကြိမ် ၃၀ မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့အတွက် ပထမဆုံး ဆုတံဆိပ်ကို ကွင်းတွင်းခြင်းခတ်ပြိုင်ပွဲကနေ ကြေးတံဆိပ်နဲ့ စတင်ရခဲ့ပါတယ်။ ဖိလစ်ပိုင် ရိုးရာအားကစားနည်းဖြစ်တဲ့ အားနစ်ပြိုင်ပွဲမှာတော့ မြန်မာအားနစ်အသင်းက ငွေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၃ ခု ရယူနိုင်ခဲ့ပါတယ်။
သုံးယောက် ဘက်စကတ်ဘောပွဲစဉ်တွေမှာတော့ မြန်မာအမျိုးသားအသင်းက ကမ္ဘောဒီးယားကိုပဲ အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်တက်ခွင့် လွဲချော်ခဲ့သလို အမျိုးသမီးအသင်းကတော့ ပွဲတိုင်းရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။
ဒီဇင်ဘာ ၁ ရက် ညနေပိုင်း အထိ ဆုတံဆိပ်ရရှိမှုမှာ အိမ်ရှင်ဖိလစ်ပိုင်က ရွှေတံဆိပ် ၂၂ခု၊ ငွေတံဆိပ် ၁၃ ခုနဲ့ကြေးတံဆိပ် ၉ ခုအထိရယူနိုင်ခဲ့ပြီး နိုင်ငံအလိုက်အဆင့် ၁ နေရာမှာ ရပ်တည်နေ ပါတယ်။
3 years Ago