ကြေးစားစစ်သား

July 30, 2020

 ကြေးစားစစ်သားကိစ္စ  ဘယ်လာရုစ်သမ္မတက  ရုရှားထံ ဖြေရှင်းချက်တောင်း

ဘယ်လာရုစ်နိုင်ငံ မြို့တော်မင့်စ်အနီးမှာ သံသယဖြစ်ဖွယ် ရုရုားကြေးစားစစ်သား  အယောက် ၃၀ ကျော်ကို ထိန်းသိမ်းခဲ့ပြီးနောက် ဇူလိုင် ၃၀ ရက်မှာ သမ္မတ   လူကာရှန်ကိုက   ရုရှားအစိုးရဆီကနေ ဖြေရှင်းချက် တောင်းလိုက်ပါတယ်။   ဘယ်လာရုစ်သမ္မတရွေးကောက်ပွဲမတိုင်မီ နိုင်ငံအတွင်း   မတည်ငြိမ်မှုတွေ ဖန်တီးဖို့ တိုက်ခိုက်ရေးသမား အယောက် ၂၀၀ ကျော်  ဝင်လာတယ်ဆိုတဲ့သတင်းကို ရပြီးနောက်    ဘယ်လာရုစ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကြေးစားစစ်သားတွေကို ထိန်းသိမ်းခဲ့တယ်ဆိုပြီး  အစိုးရ ပိုင် ဘယ်လ်တာသတင်းဌာနက  ကြေညာခဲ့ပါတယ်။ ထိန်းသိမ်းခံရတဲ့ကြေးစားစစ်သားတွေဟာ ရုရှားရဲ့အထင်ရှားဆုံး ပုဂ္ဂလိကလုံခြုံရေး ကန်ထရိုက်တာ ဝက်ဂ်နာက ဖြစ်ပါတယ်။   ဒီဖြစ်ရပ်နဲ့ပတ်သက်လို့  ရုရှားအစိုးရ ၊ရုရှားနိုင်ငံခြားရေးဌာနနဲ့ဝက်ဂ်နာကုမ္ပဏီနဲ့  လုပ်ငန်း အတူလုပ်ကိုင်တဲ့ ကုမ္ပဏီ တစ်ခုကတော့  ချက်ချင်း မဖြေကြားခဲ့ပါဘူး။  ဘယ်လာရုစ်သမ္မတ  လူကာရှန်ကိုဟာ နိုင်ငံကို  ၁၉၉၄ ခုနှစ်ကတည်းက အုပ်ချုပ်လာ ခဲ့ပြီး လာမယ့် သြဂုတ် ၉ ရက်မှာ   သမ္မတ  ပြန်အရွေးခံမှာ ဖြစ်ပါတယ်။   သူရဲ့ စီးပွားရေး၊ လူ့အခွင့်ရေးနဲ့ ကိုဗစ်-၁၉ ကိုင်တွယ်ပုံကို    ပြည်သူတွေက ဒေါသထွက်နေ တာမို့ လူကာရှန်ကိုဟာ အကြီးမားဆုံး စိန်ခေါ်မှုကို ရင်ဆိုင်နေရပါတယ်။   လူကာရှန်ကိုက ဆန္ဒပြသူတွေဟာသူ့ကို ဖြုတ်ချဖို့ ကြံစည်နေတယ်လို့  စွပ်စွဲလိုက်ပြီး  ပြီးခဲ့တဲ့လကလည်း  ရုရှားနဲ့ ပိုလန်တပ်ဖွဲ့ တွေက သူ့ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်နေတယ်လို့   သူက စွပ်စွဲခဲ့ပါတယ်။  အဲဒီ စွပ်စွဲချက်တွေကို ရုရှားက ငြင်းဆိုခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
9 months Ago

May 9, 2020

နိုင်ငံခြားကြေးစားစစ်သားများ ငှားရန်မလိုဟု ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ပြော

ဗင်နီဇွဲလားနိုင်ငံလွတ်မြောက်ဖို့ သူ့အစိုးရအနေနဲ့ နိုင်ငံခြားကြေးစားစစ်သားတွေကို  ငှားစရာမလိုဘူးလို့  အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုက မေလ ၈ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။    အကြောင်းကတော့ ဗင်နီဇွဲလားနိုင်ငံ  ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းဖို့ သူဟာ ပြည်တွင်းပြည်ပ ထောက်ခံမှုတွေ  ရရှိနေတယ်လို့ ဂွယ်ဒိုက  ပြောဆိုခဲ့ပါတယ်။  မအောင်မြင်တဲ့ ဗင်နီဇွဲလားနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်မှုမှာ သူ ပါဝင်ပတ်သက်တယ်ဆိုတဲ့  စွပ်စွဲချက်ကို သူ့ရဲ့တွစ်တာ အကောင့်မှာ ဂွယ်ဒိုက ငြင်းဆိုခဲ့ပါတယ်။   ဒီသတင်းပတ်အတွင်း ဗင်နီဇွဲလား အာဏာပိုင်တွေက  Silvercorp USA  လုံခြုံရေးကုမ္ပဏီက အမေရိကန်နိုင်ငံသားနှစ်ယောက်အပါအဝင် လူဒါဇင်ချီပြီး ဖမ်းဆီးခဲ့ပါတယ်။ နိုင်ငံခြားကြေးစား စစ်သားတွေ ဗင်နီဇွဲလားနိုင်ငံထဲ ခိုးဝင်၊ ဆိုရှယ်လစ်ဝါဒီ မာဒူရိုကို ဖြုတ်ချမယ့်အစီအစဉ်ကို ပုံဖော်ဖန်တီး၊ ငွေကြေးထောက်ပံ့ပြီး အကောင်ထည်ဖော်ဖို့အတွက်  နိုင်ငံရေးဗျူဟာချမှတ်သူ ဟွမ်ရန်ဒန်က အဲဒီကုမ္ပဏီကို ငှားရမ်းခဲ့ပါတယ်။ ဒီမအောင်မြင်တဲ့ ကြိုးပမ်းချက်ကြောင့် အတိုက်အခံခေါင်းဆောင် ဂွယ်ဒိုအပေါ်  ဖိအားတွေ ကျရောက်နေတယ်လို့ ရိုက်တာသတင်းက ရေးသားပါတယ်။  
12 months Ago
Up