ကြော်ငြာရောင်းအား

A d v e r t i s e m e n t With Us

March 25, 2020

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ဖေ့စ်ဘွတ်ခ်ကြော်ငြာရောင်းအား ဆိုးဆိုးရွားရွား ထိခိုက်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကပ်ဘေးကြောင့် ဖေ့စ်ဘွတ်ခ်နိုင်ငံတကာကော်ပိုရေးရှင်းက သူ့ဝင်ငွေအားလုံးနီးပါးဖြစ်တဲ့ ကြော်ငြာရောင်းအား ဆိုးဆိုးရွားရွားထိခိုက်ခဲ့တယ်လို့ မတ် ၂၄ ရက်မှာ ပြောပါတယ်။ ကမ္ဘာ့ကူးစက်ရောဂါ ကပ်ဘေးသင့်နေချိန်မှာ မြို့၊ ရွာတွေ တိုင်းပြည်တွေကို လူဝင်လူထွက် ပိတ်ချလိုက်လို့ လူမှုကွန်ရက် သုံးစွဲသူတွေက ဖေ့စ်ဘွတ်ကို ပိုသုံးလာပေမယ့် ကြော်ငြာရောင်းအား ကျခဲ့တယ်လို့ ပြောလိုက်တာပါ။ သက်ရောက်မှုပမာဏ ဘယ်လောက်ရှိသလဲ၊ ဘယ်ဈေးကွက်မှာ စီးပွားရေးကြော်ငြာအင်အား ကျဆင်းသွားလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ဖြေဖို့ ယဉ်ယဉ်ကျေးကျေး ငြင်းလိုက်ပါတယ်။ ပုံမှန်ကုန်သွယ်ရေးကာလက ဖေ့စ်ဘွတ်ခ်ရဲ့ ရှယ်ယာဈေးနှုန်း ၈ ဒသမ ၇ ရာခိုင်နှုန်း တိုးခဲ့ပေမယ့် နာရီပိုင်းအတွင်းမှာပဲ ၁ ရာခိုင်နှုန်း ပြန်ကျသွားပါတယ်။ COVID-19 ဗိုင်းရပ်စ် ကူးစက်ဒဏ်အခံရဆုံး နိုင်ငံတွေမှာ အရင်လက ဖေ့စ်ဘွတ်ခ်မက်ဆေ့ချ် ပေးပို့မှု ၅၀ ရာခိုင်နှုန်းကျော် တိုးလာပြီး အီတလီမှာတော့ ၇၀ ရာခိုင်နှုန်းတိုးခဲ့တာပါ။ တွစ်တာနိုင်ငံတကာကော်ပိုရေးရှင်းကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် သုံးစွဲမှု တိုးလာပေမယ့် ဘဏ္ဍာရေးနှစ်ရဲ့ ပထမ ၃ လပတ် ကာလအတွင်း လုပ်ငန်း လည်ပတ်စရိတ် အရှုံးပေါ်လိမ့်မယ်လို့ ဟောကိန်းထုတ်ပါတယ်။ COVID-19 ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ မသေချာမှုတွေကြောင့် ကြော်ငြာလုပ်ငန်း အများအပြားကလည်း ဈေးကွက် ရသုံးမှန်းခြေ ငွေစာရင်းကို ကုန်ကျစရိတ်နဲ့ ကာမိအောင် ကြိုးစားပြင်ဆင်နေကြပါတယ်။
12 months Ago
Up