ကြော်ငြာထည့်သွင်းမှု ရပ်ဆိုင်း

June 30, 2020

Unilever အပါအဝင် ကုမ္ပဏီကြီးများက ဖေ့စ်ဘွတ်ခ်တွင် ကြော်ငြာထည့်သွင်းမှု ရပ်ဆိုင်း

ဖေ့စ်ဘွတ်ခ်ဟာ သူ့ရဲ့ပလက်ဖောင်းမှာ ပျံ့နှံ့နေတဲ့ အမုန်းစကားတွေကို သေချာမတားဆီးနိုင်ဘူးဆိုပြီး ကုမ္ပဏီကြီးတွေအနေနဲ့ ဖေ့စ်ဘွတ်ခ်မှာ ကြော်ငြာထည့်သွင်းတာကို  ရုပ်သိမ်းလိုက်ပါတယ်။ အဲဒီလို ရုပ်သိမ်းလိုက်တဲ့ ကုမ္ပဏီကြီးတွေထဲမှာ ရေခဲမုန့်ကုမ္ပဏီ Ben & Jerry's၊ Unilever ကုမ္ပဏီနဲ့ Starbucks ကော်ဖီဆိုင်တို့ ပါဝင်ပါတယ်။ ပက်ဆီကိုလာကုမ္ပဏီကလည်း ဇူလိုင်နဲ့ သြဂုတ်လတွေမှာ ကြော်ငြာတွေကို ရပ်နားသွားမယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး FOX Business News က ထုတ်ပြန်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ရိုက်တာရဲ့ မေးမြန်းချက်ကို ပက်ဆီကုမ္ပဏီက မဖြေကြားခဲ့ပါဘူး။ နှစ်စဉ်နှစ်တိုင်း ဖေ့စ်ဘွတ်ခ်ဟာ ကြော်ငြာအရောင်းကနေ အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံခန့် ရနေပြီး အဲဒီငွေရဲ့ လေးပုံတစ်ပုံခန့်ဟာ လုပ်ငန်းငယ်တွေကနေ အမြတ်ငွေ အများအပြားရနေတဲ့ Unilever လို ကုမ္ပဏီကြီးတွေက လာတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
10 months Ago
Up