ကြီးကြပ်

April 10, 2020

အမြောက်စမ်းသပ်ပစ်ခတ်မှု ကင်ဂျုံအန်း စစ်ဆေး

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးရှိနေပေမဲ့ မြောက်ကိုရီးယားလွှတ်တော် အစည်းအဝေးတွေ မစခင် စစ်ရေးလေ့ကျင့်မှုတခုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ကြီးကြပ်ကွပ်ကဲနေတဲ့ ဓာတ်ပုံကို နိုင်ငံပိုင်မီဒီယာက ဧပြီ ၁၀ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။  အမြောက်ပစ်ခတ်စမ်းသပ်တဲ့ စစ်ရေးလေ့ကျင့်မှု အသေးစားတခုကို ကင်က ကြီးကြပ်ခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဒါဟာ မြောက်ကိုရီးယားစစ်တပ်ရဲ့ ၁ လတာစစ်ရေးလေ့ကျင့်မှုတွေထဲက တခုလည်း ဖြစ်ပြီး အစောပိုင်းကတော့ တာတိုပစ်တိုက်ချင်းပစ်ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်တာလည်း ပါဝင်ခဲ့ ပါတယ်။  မြောက်ကိုရီးယားဟာ ပြည်သူ့ညီလာခံလို့ခေါ်တဲ့ နှစ်စဉ် ကျင်းပနေကျ လွှတ်တော်အစည်းအဝေးကို ဧပြီ ၁၀ ရက်နေ့ ကျင်းပမယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးသားပါတယ်။
2 years Ago

March 13, 2020

ဒုတိယအကြိမ် စစ်ရေးလေ့ကျင့်မှု ကင်ဂျုံအန်း ကြီးကြပ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ဒီတပတ်အတွင်း ဒုတိယအကြိမ် စစ်ရေးလေ့ကျင့်တာတွေကို ကြီးကြပ်ဖို့ အများရှေ့ထွက်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းရဲ့အဆိုအရ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုအပေါ် စိုးရိမ်မှုတွေ ဖြစ်နေပေမဲ့ ကင်ဟာ မတ်လ ၁၂ ရက်မှာ စစ်တပ်ရဲ့ အမြှောက်ပစ်ခတ်လေ့ကျင့်တာတွေကို ကြီးကြပ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။  နိုင်ငံပိုင်သတင်းကဖော်ပြတဲ့ ဓာတ်ပုံတွေအရ ကင်ဟာ အမြောက်ပစ်လေ့ကျင့်မှုတွေကို မည်သည့်အကာအကွယ်မှဝတ်ဆင်ခြင်းမရှိဘဲ ကြည့်ရှုခဲ့ကာ သူ့လက်ထောက်တွေကတော့ အကာ အကွယ်မျက်နှားဖုံးတွေ ဝတ်ဆင်ထားတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ မြောက်ကိုရီးယားဟာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်တားဆီးရေးအတွက် သက်ဆိုင်ရာ ကျန်းမာရေးလုပ်သားတွေအားလုံးက ကြိုးစားဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန် ထားပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်မားခဲ့တဲ့ တရုတ်နဲ့တောင်ကိုရီးယားတို့ကြားမှာ တည်ရှိနေတဲ့ မြောက်ကိုရီးယားဟာ လက်ရှိအချိန်ထိ ဗိုင်းရပ်စ်ကူးစက်ခံရမှု မတွေရှိသေးပေမဲ့ နယ်စပ်ဝင် ပေါက်များ စစ်ဆေးရေးနဲ့ လိုအပ်တဲ့သီးခြားခွဲထုတ်စောင့်ကြည့်မှုတွေကို လုပ်နေတယ်လို့ ရိုက်တာ သတင်းက ရေးသားထားပါတယ်။ 
2 years Ago
Up