ကွီဘတ်မြို့

February 9, 2019

ကွီဘတ်မြို့ ဗလီသေနတ်ပစ်ခတ်မှုကျူးလွန်သူကို ထောင်ဒဏ်တသက်တကျွန်း ချမှတ်

လူ ၆ ဦး သေဆုံးခဲ့ရတဲ့ ကွီဘတ်မြို့ ဗလီသေနတ်ပစ်ခတ်မှု ကျူးလွန်သူ  ကနေဒါနိုင်ငံသားကို ဖေဖော်ဝါရီ ၈ ရက်နေ့က ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့ပါတယ်။ တရားသူကြီး ဖရန်ဆွာဟိုက တရားခံဟာ  ထောင်အနှစ် ၄၀ ကျခံပြီးရင် ခံဝန်ချက်နဲ့ လွတ်မြောက်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် အဲလက်ဇန်ဒို ဘီဆွန်နက်ဟာ  လူသတ်မှု ၆ မှု ၊ လူသတ်ရန် ကြံစည်မှု ၆ မှုနဲ့ အပြစ်ရှိကြောင်း မနှစ်တုန်းက ၀န်ခံခဲ့ပါတယ်။ အစိုးရရှေ့နေတွေရဲ့ ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ပေးရေး တောင်းဆိုချက်တွေကို တရားသူကြီးက ပယ်ချပြီး အသက် ၃၅ နှစ်နဲ့ ၄၂ နှစ်အရွယ်မှာ ခံဝန်နဲ့ လွှတ်ပေးတာက သင့်လျော်တယ်လို့ ပြောကြားခဲ့ပါတယ်။ သေနတ်ပစ်ခံရသူတဦးကတော့ ခြွင်းချက်နဲ့ လွှတ်ပေးမယ့် ထောင်ဒဏ် အနှစ် ၄၀ ပြစ်ဒဏ်ကို  အံ့အားသင့်မိတယ်လို့ ပြောခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ကွီဘတ်မြို့ ဗလီသေနတ်ပစ်ခတ်မှုကို ၀န်ကြီးချုပ် ဂျပ်စတင် ထရူဒိုးက အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ပြစ်တင်ရှုတ်ချခဲ့ပြီး ကနေဒါနိုင်ငံကို ရောက်လာကြတဲ့ ရွှေ့ပြောင်းလာသူတွေအပေါ် ဆက်ဆံပုံနဲ့ပတ်သက်ပြီး အချေအတင် ဆွေးနွေးမှု ဖြစ်ခဲ့ပါတယ်။
2 years Ago
Up