ကြိုးဆွဲချ သေဆုံး

January 5, 2021

မတော်တဆမှုကြောင့် ခြေတောက်ဖြတ်ထားရသည့် အမျိုးသား ၁ ဦး ကြိုးဆွဲချ သေဆုံး

ထိုင်းနိုင်ငံ စက်ရုံတခုမှာ မတော်တဆဖြစ်ပွားပြီး ခြေထောက်တဖက် ဖြတ်တောက်ထားရတဲ့ မွန်ပြည်နယ် ပေါင်မြို့နယ်က အမျိုးသားတယောက်ဟာ မနေ့က အိမ်မှာ ကြိုးဆွဲချ သေဆုံးခဲ့ တယ်လို့ ပေါင်မြို့မရဲစခန်းဆီက သိရပါတယ်။ ပေါင်မြို့မရဲစခန်းမှူး ဒုရဲမှူး ညိုဝင်းက “ကောင်လေးက စိတ်ကျနေပုံရတယ်လို့ မိဘတွေဆီက သိရတယ်။ အခင်းဖြစ်နေ့ မနက်က နေအိမ်ထုပ်တန်းမှာ ကြိုးဆွဲချသေဆုံးနေခဲ့တာ ဖြစ်ပြီး ထိုင်းက ပြန်ရောက်တာ မကြာသေးဘူးလို့ သိရတယ်” လို့ ပြောပါတယ်။ ပေါင်မြို့နယ်    အလှပ်ကျေးရွာ အနောက်ပိုင်းနေ အသက် ၂၄ နှစ်အရွယ်  ဇင်းမင်းထိုက်ဟာ ထိုင်းနိုင်ငံက စက်ရုံတခုမှာ အလုပ်သွား‌ရောက်လုပ်ကိုင်ခဲ့ပြီး မ‌တော်တဆမှုတခုကြောင့် ခြေထောက်တဖက် ဖြတ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းက ဇာတိရွာကို ပြန်ရောက်လာတာဖြစ်ပြီး ဇန်နဝါရီ ၄ ရက် မနက်က နေအိမ်‌ပေါ်က အမြင့် ၁၀ ပေလောက်ရှိတဲ့ ထုပ်တန်းမှာ နိုင်လွန်ကြိုးတချောင်းကိုသုံးပြီး ကြိုးဆွဲချ သေဆုံးခဲ့တာလို့ ပေါင်မြို့မ ရဲစခန်းဆီက သိရပါတယ်။ ဒီအမှုနဲ့   ပတ်သက်လို့ ပေါင်မြို့မရဲစခန်းမှာ သေမှုသေခင်း အမှတ်စဉ် ၁/၂၀၂၁ နဲ့ အမှုဖွင့်လှစ်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ရဲထွဋ်
3 months Ago

May 6, 2020

လွိုင်ကော်မြို့တွင် လူငယ် ၁ ဦး ကြိုးဆွဲချ သေဆုံး

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်(က)ရပ်ကွက်မှာ  အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။  ဒီကနေ့ မေလ ၆ ရက် မနက် ၁ နာရီလောက်က အမျိုးသားတဦး သေဆုံးသွားကြောင်း သတင်းပေးချက်အရ လွိုင်ကော်မြို့မ ရဲစခန်းက ရဲတပ်ဖွဲဝင်တွေ သွားရောက်စစ်ဆေးခဲ့ရာမှာ  သေဆုံးသူမှာ အသက် ၂၆ နှစ်အရွယ် ကိုကိုဦး ဆိုသူဖြစ်ကြောင်း သိရှိရပါတယ်။  သူဟာ  လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်(က)ရပ်ကွက်၊ အုပ်စု(၉) မှာ နေထိုင်သူဖြစ်ပြီး သူ့ရဲ့ နေအိမ်ခြံဝန်းအတွင်း ဘားဆွဲလေ့ကျင့်ခန်းပြုလုပ်တဲ့ သံတိုင်မှာ ဆွဲကြိုးချ သေဆုံးတာဖြစ်ကြောင်း လည်း ရဲစာအရ သိရပါတယ်။  ကိုကိုဦးဟာ နေ့စဉ် အရက် အလွန်အကျွံသောက်သုံးသူဖြစ်ကြောင်း သိရပြီး သူရဲ့ရုပ်အလောင်းကို မှုခင်းဆေးစာနဲ့အတူ  လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ပါတယ်။  ကိုကိုဦး  ကြိုးဆွဲချသေဆုံးတာနဲ့ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်မဟုတ် လွိုင်ကော်မြို့မရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ် ၉/၂၀၂၀ ဖွင့်လှစ်  စစ်ဆေးဆောင်ရွက်နေ ပါတယ်။ 
12 months Ago
Up