ကြိုးစား

August 24, 2020

နည်းပြကောင်းတဦးဖြစ်လာရန် ကြိုးစားနေဟု တိုက်စစ်မှူးဟောင်း တောရက်စ်ပြော

နည်းပြကောင်းတဦးဖြစ်ဖို့ ကြိုးစားနေတယ်လို့ စပိန်တိုက်စစ်မှူးဟောင်း ဖာနန်ဒိုတောရက်စ် က ပြောပါတယ်။  လီဗာပူးနဲ့ ချဲလ်ဆီးအသင်းတွေမှာ ကစားခဲ့တဲ့တောရက်စ်ဟာ ၂၀၁၉ ခုနှစ် သြဂုတ်လက ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပြီး တနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ အင်စတာ  ဂရမ်မှာ စာရေးသားခဲ့ပါတယ်။  ဘောလုံးလောကကနေ အနားယူခဲ့တာဟာ ဒီနေ့မှာ တနှစ်ပြည့် သွားခဲ့ပြီဖြစ်ပြီး အချိန်တွေဟာ မြန်ဆန်လွန်းကြောင်းနဲ့ နည်းပြကောင်းတဦးဖြစ်လာဖို့လည်း ကြိုး စားနေတယ်လို့ တောရက်စ်က ရေးသားခဲ့ပါတယ်။  ဒါ့အပြင် အသင်းဟောင်း လီဗာပူးအသင်းအနေနဲ့ နှစ် ၃၀ အကြာမှာ ပထမဆုံး အမှတ်ပေးချန်ပီယံဆုဖလား ရယူနိုင်ခဲ့တာနဲ့ ပရိသတ်တွေမပါဘဲ ဘောလုံးပွဲစဉ်တွေ ကစားနေရတာတွေက ထူးခြားမှုတွေဖြစ်ခဲ့ကြောင်း တောရက်စ် က ရေးသားခဲ့ပါတယ်။  ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထောင်ချီတဲ့ မိသားစုတွေ ဒုက္ခတွေ့ခဲ့ရပြီး ဘေးကင်းလုံခြုံစွာ နဲ့ နေထိုင်ကြဖို့လည်း တောရက်စ်က တိုက်တွန်းသွားခဲ့ပါတယ်။ 
1 year Ago
Up