ကြိုးကိုင်

A d v e r t i s e m e n t With Us

January 8, 2021

ဘာလီကျွန်းဗုံးခွဲမှု ကြိုးကိုင်ခဲ့သူဟုယူဆရသူ  ဘာသာရေးခေါင်းဆောင် ထောင်ဒဏ်မှ လွတ်

၂၀၀၂  ဘာလီကျွန်းဗုံးခွဲမှု ကြိုးကိုင်ခဲ့သူလို့ သံသယရှိတဲ့ ဘာသာရေးခေါင်းဆောင် အဘူဘာကာ ဘာရှာကို  ဇန်နဝါရီ ၈ ရက်မှာ အင်ဒိုနီးရှားအကျဉ်းထောင်ကနေ လွှတ်ပေး လိုက်ပါတယ်။ ဘာရှာကို ဂျမားအစ္စလာမ်မီးယား (JI) အဖွဲ့ ဘာသာရေးခေါင်းဆောင်အဖြစ် သတ်မှတ်ပြီး JI ဟာ အယ်ကိုင်ဒါအဖွဲ့နဲ့  ပတ်သက်တဲ့ ဂျီဟတ်ဝါဒီကွန်ရက်တစ်ခုဖြစ်ပါတယ်။ အာချေးပြည်နယ်က စစ်သွေးကြွသင်တန်းကျောင်းနဲ့ ဘာရှာ ဆက်နွှယ်မှုရှိတဲ့အတွက်  ၂၀၁၁ မှာ သူ့ကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့တာပါ။  ဘာရှာရဲ့ ထောင်ဒဏ်သက်တမ်းမှာ အခါအားလျော်စွာ လျှော့ရက်တွေ ရခဲ့ပြီးနောက် အခု အခါ သူရဲ့ ပြစ်ဒဏ်သက်တမ်း စေ့သွားပြီလို့  အင်ဒိုနီးရှားဥပဒေနဲ့ လူ့အခွင့်အရေး ဝန်ကြီးဌာနက ပြောပါတယ်။  ဘာရှာဟာ အသက်အရွယ်ကြီးရင့်ပြီး  ကိုဗစ်-၁၉ ကူးစက်ခံရမယ့် အန္တရာယ်ရှိတာကြောင့် မိသားစုရဲ့ မေတ္တာရပ်ခံချက်အရ  မနက် ၅ နာရီခွဲခန့်မှာ အကျဉ်းထောင်ကနေ လွှတ်ပေးခဲ့တယ်လို့ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။   အကျဉ်းထောင်က လွတ်မြောက်ခဲ့တဲ့ ဘာရှာဟာ အသက် ၈၂ နှစ် ရှိပြီလို့လည်း ရိုက်တာ သတင်းအရ သိရပါတယ်။
2 months Ago
Up