ကြို့ကုန်း အင်းစိန်လမ်းမ

March 7, 2021

ဖမ်းထားသူများ လွှတ်ပေးရန် ကြို့ကုန်း အင်းစိန်လမ်းမပေါ် ဆန္ဒပြသူများ တောင်းဆို

ကြို့ကုန်း အင်းစိန်လမ်းမပေါ်မှာ ဒီကနေ့မနက်ပိုင်းက တိုင်းရင်းသားတွေ ပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြနေကြပြီး ဖမ်းဆီးထားတဲ့ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ဒီကနေ့မနက်ပိုင်းမှာ ပေါက်တောဝ သပိတ်စခန်းကို ပြည်သူတွေမစုခင်မှာတင် ဖြိုခွဲရှင်းလင်းမှုတွေ လုပ်ခဲ့ပြီး လမ်းပေါ်က အတားအဆီးတွေ ဗီနိုင်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ပါရမီလမ်းတလျှောက်မှာလည်း စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အင်အားအများအပြားနဲ့ စောင့်ဆိုင်းနေကြတာတွေ ရှိပါတယ်။

2 years Ago
Up