ကြိုမပြေ

A d v e r t i s e m e n t With Us

June 19, 2020

မန်ယူအသင်းနှင့်ပွဲအတွက် ကစားကွက် ကြိုမပြောနိုင်ဟု မော်ရင်ဟိုပြော

မန်ယူအသင်းနဲ့ပွဲမှာ ဘယ်လိုကစားဖို့စီစဉ်ထားလဲဆိုတာ ပြောပြမှာမဟုတ်ကြောင်း စပါး နည်းပြ မော်ရင်ဟို ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  စပါးအသင်းဟာ ဇွန် ၂၀ ရက် မနက် ၁ နာရီ ၄၅မိနစ်မှာ မန်ယူအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။  အဲဒီပွဲမှာ မန်ယူနိုက်တက်အသင်းကို ဘယ်လိုပုံစံနဲ့ ယှဉ်ပြိုင်သွားမလဲဆိုတာ မပြော နိုင်ကြောင်း၊ နည်းပြဆိုးလ်ရှားကို မေးရင်လည်း သူစီစဉ်ထားတဲ့ ကစားကွက်ကို ပြောပြမယ်လို့ မထင်ကြောင်း မော်ရင်ဟိုက ပြောပါတယ်။  ဒါပေမဲ့ ဒဏ်ရာရခဲ့တဲ့ ကစားသမားတွေဖြစ်တဲ့ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်နဲ့ ဆစ်ဆိုကို တို့ ပြန်ကစားနိုင်မှာက စိတ်ဝင်စားစရာကောင်းနေတယ်လို့ ဆိုပြောပါတယ်။ စပါးအသင်းမှာ ကွင်းလယ်တိုက်စစ်ကစားသမား ဒယ်လီအယ်လီက ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မှာဖြစ်ပါတယ်။  ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းမှာ ချို့တဲ့ တဲ့ ကလေးငယ်တွေအတွက် ရန်ပုံငွေ ပေါင်သန်း ၂၀ ရှာဖွေပြီး အစားအစာရရှိအောင် လုပ်ဆောင်ပေးခဲ့တဲ့ ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ လုပ်ဆောင်ချက်ကိုတော့ လေးစားကြောင်း မော်ရင်ဟိုက ထုတ်ဖော်ချီးကျူး သွားခဲ့ပါတယ်။ 
9 months Ago
Up