ကြိုတင်မဲ ရေတွက်ပြီးစီး

November 8, 2020

မရမ်းကုန်း အမှတ် (၆) ရပ်ကွက်ရှိ မဲရုံအမှတ် (၃)  ကြိုတင်မဲ ရေတွက်ပြီးစီး 

ရန်ကုန်၊ မရမ်းကုန်းမြို့နယ် အမှတ် (၆) ရပ်ကွက်မှာရှိတဲ့ မဲရုံအမှတ် (၃) မှာ ကြိုတင်မဲတွေကို ရေတွက်ပြီးစီးသွားပြီဖြစ်ပါတယ်။  ကြိုတင်မဲရေတွက်ရာမှာတော့ အန်အယ်လ်ဒီပါတီက ၁၁၃ မဲ၊ ကြံ့ခိုင်ရေးပါတီက ၄၄ မဲ၊ ပြည်သူ့ရှေ့ဆောင်ပါတီက ၂၈ မဲ နဲ့ ပယ်မဲက ၂ မဲရှိတယ်လို့ သိရပါတယ်။   ဒီကနေ့ မဲရုံမှာ မဲလာပေးတဲ့  ဆန္ဒမဲရလဒ်တွေကိုတော့ မသိရသေးပါဘူး။  ဒီမဲရုံမှာတော့ မဲပေးခွင့်ရှိသူ ၁,၀၉၆  ဦးရှိပြီး အဲဒီထဲက မဲလာပေးသူ ၆၁၀ ရှိတဲ့အတွက် မဲပေးခွင့်ရှိသူရဲ့  ၃ ပုံ  ၂ ပုံနီးပါး မဲလာပေးကြတာ ဖြစ်ပါတယ်။ ဆုဆုသွယ်
2 years Ago
Up