Warning: mysqli_query(): MySQL server has gone away in /var/www/html/burmese.dvb.no/dvb2020/wp-includes/wp-db.php on line 2056

Warning: mysqli_query(): Error reading result set's header in /var/www/html/burmese.dvb.no/dvb2020/wp-includes/wp-db.php on line 2056

Warning: mysqli_real_connect(): (HY000/2002): No such file or directory in /var/www/html/burmese.dvb.no/dvb2020/wp-includes/wp-db.php on line 1653

Notice: wpdb was called incorrectly. wpdb must set a database connection for use with escaping. Please see Debugging in WordPress for more information. (This message was added in version 3.6.0.) in /var/www/html/burmese.dvb.no/dvb2020/wp-includes/functions.php on line 5311

ကြိုတင်မဲပေးနိုင်အောင် စီစဉ်ပေးမည်

August 7, 2020

ကိုဗစ်-၁၉ လူနာများနှင့် ကွာရန်တင်းဝင်နေသူများအတွက် ကြိုတင်မဲပေးနိုင်အောင် စီစဉ်ပေးမည်

၂၀၂၀ ရွေးကောက်ပွဲကာလမှာ ကိုဗစ်-၁၉ ကြောင့် ကွာရန်တင်းဝင်နေရသူတွေနဲ့ အတည်ပြုလူနာတွေ ကြိုတင်မဲပေးနိုင်အောင် ရွေးကောက်ပွဲကော်မရှင် ဝန်ထမ်းတွေက ဆောင်ရွက်ပေးသွားမယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ကျောက်တံတားမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်သင်းက ပြောပါတယ်။ သက်ဆိုင်ရာနယ်မြေ၊ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းတွေက ကျန်းမာရေးအရ လုံခြုံတဲ့ PPE ဝတ်စုံတွေဝတ်ဆင်ပြီး ကွာရန်တင်းဝင်နေရသူတွေနဲ့ အတည်ပြုလူနာတွေဆီ သွားပြီး မဲပေးခွင့်မဆုံးရှုံးအောင်ဆောင် ရွက်သွားဖို့ရှိတယ်လို့ဆိုပါတယ်။ “ဥပဒေအရဆိုရင် ကျန်းမာရေးအရလုံခြုံတဲ့အဝတ်အစားတွေဝတ်ပြီးတော့ သူ့တို့ဆီသွား ပြီးတော့ ကြိုတင်မဲပေးဖို့ ဆောင်ရွက်ရမယ်ထင်ပါတယ်။ ကျန်းမာရေးပါလာတဲ့အတွက် ဆေးရုံ တက်ရသလိုပေါ့လေ။ ကြိုတင်မဲပဲ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ရပ်ကျေးကသွားပြီး ဆောင်ရွက်ရ မယ်ထင်ပါတယ်။ ကျန်းမာရေးဝတ်စုံတွေကိုတော့ ကိုဗစ်စည်းကမ်းတွေအတိုင်း လုပ်ဆောင်ရပါမယ်။ ကျန်းမာရေးနဲ့ဆိုင်တော့ ဆေးရုံတက်တဲ့လူတစ်ယောက်လို ဖြစ်သွားပါတယ်။ ကျနော်တို့က မဲပေးခွင့်မဆုံးရှုံးအောင်ဆောင်ရွက်ပေးရမှာပေါ့။ နိုင်ငံသားဖြစ်မယ် အသက် ၁၈ နှစ်ပြည့်မယ်။ မဲစာရင်းမှာပါတယ်ဆိုရင် ကျနော်တို့က လုပ်ပေးရမှာဗျ။ ကြိုတင်မဲအနေနဲ့ လုပ်ပေးရမယ်” လို့ ဦးအောင်သင်းကပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၃၅၉ဦးရှိနေပြီး ပိုးကင်းစင်လာသူကတော့ စုစုပေါင်း ၃၀၈ဦး ရှိနေပါတယ်။ လက်ရှိအခြေအနေအတိုင်း ရောဂါကိုဆက်ထိန်းထားနိုင်မလား၊ ပိုဆိုးသွားမလား၊ ပိုကောင်းလာမလားဆိုတာကိုတော့ စောင့်ကြည့်သွားရမယ်လို့ ရွေးကောက်ပွဲနဲ့ဆက်စပ်တဲ့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ သတင်း- ဇေယျာချမ်းအေး
3 years Ago
Up