ကြိုတင်မဲပေး

A d v e r t i s e m e n t With Us

November 6, 2020

စစ်အစိုးရခေါင်းဆောင်ဟောင်း ဦးသန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင်တို့ ကြိုတင်မဲပေး 

နအဖ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအပါအဝင် အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်းတွေဟာ ခြောက်လုံးတန်းလို့ခေါ်တဲ့ နေပြည်တော်ရှိ အငြိမ်းစား ထိပ်တန်း ခေါင်းဆောင်တွေနေထိုင်ရာ နေအိမ်အသီးသီးမှာ နိုဝင်ဘာ ၆ ရက်က ကြိုတင်မဲ ပေးခဲ့ကြပါတယ်။ အခုလိုကြိုတင်မဲပေးဖို့အတွက် ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာမဲရုံ(၂)က အိမ်အရောက်သွားရောက်ကောက်ယူ ပေးခဲ့ကြတာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)နဲ့ ဇနီးဒေါ်ကြိုင်ကြိုင်တို့အနေနဲ့ ကိုယ်တိုင်မဲပေးခဲ့တယ်လို့  ပြည်ထောင်စုနယ်မြေရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေးက ပြောပါတယ်။ “ကျန်းမာရေးကောင်းပါတယ်၊ သူကိုယ်တိုင်တံဆိပ်တုံးထုပြီး ကိုယ်တိုင်မဲပေးတာပါ ” လို့ ဦးသိန်းထွေးက ပြောပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)အနေနဲ့ အခုလို ကြိုတင်မဲပေးအပြင် လက်ရှိနိုင်ငံရေး အခြေအနေတွေနဲ့ပတ်သက်လို့ ပြောဆိုတာ အမှာစကားပါးတာမျိုးမရှိဘူးလို့ သိရပါတယ်။ ဒီနေ့မှာတော့ ခြောက်လုံးတန်းမှာနေထိုင်တဲ့ အငြိမ်းစားထိပ်တန်းခေါင်းဆောင်တွေကို ကြိုတင်မဲလိုက်ခံကောက်ယူတာ ပြီးစီးပြီဖြစ်တယ်လို့ သိရပါတယ်။ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ဇနီးတို့ကတော့ ဒီနေ့မနက်ပိုင်းကပဲ အိမ်ခြံဝမှာ ကိုယ်တိုင်ကြို တင်မဲ ထွက်ပေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ အငြိမ်းစားဗိုလ်ချုပ်ကြီး ရွှေမန်းက ညောင်ပင်ကြီးစုကျေးရွာမဲရုံမှာ ကိုယ်တိုင်ကြိုတင်မဲထွက်ပေးခဲ့ပါတယ်။
3 months Ago

သမ္မတဟောင်း ဦးသိန်းစိန် နေပြည်တော်တွင် ကြိုတင်မဲပေး 

နိုင်ငံတော်သမ္မတဟောင်း  ဦးသိန်းစိန်နဲ့ ဇနီး ဒေါ်ခင်ခင်ဝင်းတို့ မိသားစုဟာ ဒီနေ့မနက်  နေပြည်တော်မှာရှိတဲ့ A4 ခြံဝမှာ ကြိုတင်ဆန္ဒမဲ ထွက်ပေးခဲ့ကြပါတယ်။ ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာ မဲရုံ (၂) က ဒီကြိုတင်ဆန္ဒမဲတွေကို ကောက်ယူပေးခဲ့ကြတာပါ။ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ မိသားစုလည်း ဒီနေ့ ကြိုတင်မဲပေးဖို့ရှိတယ်လို့သိရပါတယ်။  Photo - Hein Htet / MPA
3 months Ago

October 31, 2020

မန်းတောင်ခြေ ဘိုးဘွားရိပ်သာက ဘိုးဘွားများ ကြိုတင်မဲပေး (ဓာတ်ပုံ)

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်မှာရှိတဲ့ မန်းတောင်ခြေ ဘိုးဘွားရိပ်သာက အသက် ၆၀ အထက် ဘိုးဘွားတွေ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကြိုတင်မဲပေးခဲ့ကြပါတယ်။  ကြိုတင်မဲပေးတာကို ဥပုသ်တော်ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကနေ စနစ်တကျ လုပ်ဆောင်ပေးပြီး ဘိုးဘွားရိပ်သာမှာရှိတဲ့ ဝန်ထမ်းတွေကလည်း အဘိုးအဘွားတွေ မဲပေးတာကို ကူညီပေးခဲ့ကြပါတယ်။  မန်းတောင်ခြေ ဘိုးဘွားရိပ်သာက အသက် ၆၀ အထက် ဘိုးဘွား ၇၂ ယောက်နဲ့ ရိပ်သာဝန်ထမ်း ၈ ယောက် စုစုပေါင်း အယောက် ၈၀ က ကြိုတင်မဲပေးခဲ့တာပါ။  ဥပုသ်တော်ရပ်ကွက်မှာ အသက် ၆၀ အထက် ဘိုးဘွား ၁၈၀၀ ကျော်ရှိတယ်လို့ ဥပုသ်တော်ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက သိရပါတယ်။  နိုင်လင်းဦး
3 months Ago
More News
Up