ကြိုတင်မဲစပေ

A d v e r t i s e m e n t With Us

October 29, 2020

သထုံမြို့နယ်တွင် ကြိုတင်မဲစပေး၊ မဲပေးသူ များပြား (ဓာတ်ပုံ)

မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲက အသက် ၆၀ နှစ်နဲ့အထက် မဲဆန္ဒရှင်ပြည်သူတွေ အောက်တိုဘာ ၂၉ ရက်နေ့က ကြိုတင်မဲ စပေးခဲ့ကြပြီး မဲပေးသူ များပြားတယ်လို့ သိရပါတယ်။ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာက မဲဆန္ဒရှင်ဒေါ်သောင်းဝင်းက “အဖွားက မနက် ၉ နာလောက်ကတည်းက အိမ်ကနေမဲရုံကို လမ်းလျှောက်လာတာပါ။ ပထမဆုံးနေ့ဆိုတော့ မဲလာပေးတဲ့သူတွေကလည်း များတယ်။ နေ့လယ် ၁ နာရီကျော်ကျော်လောက်မှ မဲပေးရတာ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲထက်စာရင်တော့ ဒီနှစ်မဲလာပေးရတာ ပိုပြီးအဆင်ပြေပါတယ်။ အဓိကကတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံတော်အတွက်တာဝန်ကျေအောင် မဲတစ်ပြားကို ပေးဖြစ်အောင်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကိုဗစ်-၁၉  ရောဂါကူးစက်မှု အခြေအနေတွေကြောင့် သထုံခရိုင်အတွင်း Stay at Home သတ်မှတ်ထားတဲ့ ဘီးလင်းမြို့မှာတော့ အသက် ၆၀ နှစ်နဲ့ အထက်ရှိသူတွေကို အောက်တိုဘာ ၂၉ ရက်နေ့ကနေ နိုဝင်ဘာ ၅ ရက်နေ့အထိ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးနဲ့ဆက်သွယ်ကာ နေအိမ်မှာ ကြိုတင်ဆန္ဒမဲပေးနိုင်တယ်လို့ သထုံခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။ သထုံမြို့နယ်ထဲမှာ အသက် ၆၀ နှစ်နဲ့ အထက် ကြိုတင်မဲပေးနိုင်သူ ၂၆၃၈၃ ဦးရှိပြီး သတ်မှတ်မဲရုံတွေအထိ သွားရောက်ပြီး မဲမပေးနိုင်သူတွေကိုတော့ သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲက အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။ ယူမင်းစိုး
3 months Ago

ရွေးကောက်ပွဲအတွက် ရေးမြို့နယ်တွင် ကြိုတင်မဲစပေး (ဓာတ်ပုံ)

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ် ရေးမြို့နယ်မှာ အောက်တိုဘာ ၂၉ ရက်နေ့က ကြိုတင်မဲ စပေးနေကြပြီ ဖြစ်ပါတယ်။ အသက် ၆၀ နဲ့အထက် လူပုဂ္ဂိုလ်တွေ၊ မဲရုံမှာတာဝန်ထမ်းဆောင်ကြမဲ့ မဲရုံ၀န်ထမ်းတွေဟာ ရေးမြို့ပေါ် ရပ်ကွက် ၉ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၄၄ အုပ်စုက ကြိုတင်မဲကို သတ်မှတ်ထားတဲ့ မဲပုံးတွေမှာ ပါတီကိုယ်စားလှယ်လောင်းတွေ ဆန္ဒမဲပေးနေကြတယ်လို့  မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူက ပြောပါတယ်။ ကြိုတင်မဲတွေကို အောက်တိုဘာ ၂၉ ရက်ကနေ နိုဝင်ဘာ ၅ ရက်နေ့အထိ သတ်မှတ်ထားပြီး ဆေးရုံမှာ နာမကျန်းတဲ့သူတွေ၊ အချုပ်သားတွေအပါအဝင် အကြောင်း တစုံတရာကြောင့် မဲရုံမှာ လာရောက်မဲမပေးနိုင်မှသာ ကြိုတင်မဲပေးဖို့ သတ်မှတ်ထားတယ်လို့  ဆိုပါတယ် ရေးမြို့နယ်မှာ အသက် ၆၀ နဲ့ အထက် ကြိုတင်မဲပေးခွင့်ရှိသူ  ၂၆၀၀၀ ကျော်ရှိပြီး ကြိုတင်မဲပေးခွင့်ရှိသူတွေကိုလည်း ကိုဗစ် ၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်တွေနဲ့အညီ မဲပေးကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲနေ့မှာ ရေးမြို့နယ်အတွင်း နိုင်ငံရေးပါတီ ၆ ပါတီနဲ့ တသီးပုဂ္ဂကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး တမြို့နယ်လုံးမှာ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၂ သိန်း ၃ သောင်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲမှာ အရပ်ဘက်အဖွဲ့အစည်း ၃ ဖွဲ့ လောက် လေ့လာစောင့်ကြည့်သွားမယ်လို့ သိရပါတယ်။ နေမျိုးထွဋ် 
3 months Ago
Up