ကြိုတင်ပြင်ဆင်

March 5, 2020

မကွေးမြို့ သင်ကြားရေးဆေးရုံ၌ ကိုရိုနာဗိုင်းရပ်သံသယလူနာများအတွက် ကြိုတင်ပြင်ဆင်

ကိုရိုနာဗိုင်းရပ် သံသယလူနာတွေ့ရှိပါက စနစ်တစ်ကျ ကြပ်မတ်ကုသနိုင်ဖို့အတွက် မကွေးတိုင်း၊ မကွေးမြို့ သင်ကြားရေးဆေးရုံကြီးမှာ ကြိုတင်ပြင်ဆင်ထားပြီး  မနေ့က CCTV ကင်မရာတွေ တပ်ဆင်ခဲ့တယ်လို့သိရပါတယ်။ သင်ကြားရေးဆေးရုံ တာဝန်ရှိသူတဦးက "အထူးကြပ်မတ်ကုသဆောင်တစ်ခုမှာ CCTV ကင်မရာ ၈ လုံးတပ်ဆင်တာပါ။ တကယ်လို့ ရောဂါဝေဒနာရှင်တွေ့လာပြီဆိုရင် သီးသန့်ထားရှိပြီး ဝတ်စုံနဲ့ ဝင်ရောက်ရမှာဖြစ်ပြီး အထက်လူကြီးတွေလာရင် Contro Room ကနေ စောင့်ကြည့်ရမှာဖြစ်လို့ TV မော်နီတာနဲ့ သီးသန့်အနီးကပ် ရိုက်ပေးထားပြီး အသံစနစ် ကောင်းမွန်အောင် လုပ်ဆောင်ထားတယ်"လို့ပြောပါတယ်။ တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease-2019)မြန်မာနိုင်ငံအတွင်း ကူးစက်ပျံ့နှံ့မှုမရှိစေဖို့ ထိရောက်တဲ့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ကာ တိုင်ကြားရမယ့် ကူးစက်မြန်ရောဂါဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အမိန့်စာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ သတင်း-မင်းထီး
1 year Ago

January 28, 2020

လီဗာပူးအသင်း ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် လှည့်လည်အောင်ပွဲခံရန် ကြိုတင်ပြင်ဆင်

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် လှည့်လည်အောင်ပွဲခံဖို့ ပြောဆို ဆွေးနွေးခဲ့ပြီးဖြစ်ကာ အောင်ပွဲခံမယ့် လမ်းကြောင်းအတွေအတွက် မြို့ကောင်စီနဲ့ သဘောတူညီချက်ရယူထားပြီး ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ နှစ် ၃၀ ကျော်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့အတွက် အနီးစပ်ဆုံးအနေအထားကို ရောက်ရှိနေပြီး အစောဆုံးအဖြစ် ဧပြီလမှာ ဖလားကို ဆွတ်ခူးနိုင်မယ်လို့ ယူဆရပါတယ်။ ဒီအခြေအနေမှာ အသင်းတာဝန်ရှိသူတွေဟာ လှည့်လည်အောင်ပွဲခံဖို့အတွက်ပါ ကြိုတင်ပြင်ဆင်နေကြတာဖြစ်ပြီး အောင်ပွဲခံလမ်းကြောင်းအတွက် ဆွေးနွေးမှုတွေကို လုပ်ဆောင်ခဲ့ပြီး ဖြစ်တယ်လို့ Athletic သတင်းမှာ ဖော်ပြပါတယ်။ ၂၀၂၀ ပြည့်နှစ် မေ ၁၈ ရက်ဟာ အောင်ပွဲခံမယ့်နေ့ ဖြစ်လာနိုင်ပေမယ့် အဲဒီအချိန်မှာ လီဗာပူးအသင်းသာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆက်ရှိနေမယ်ဆိုရင် အောင်ပွဲခံရက်ကို နောက်ဆုတ်ရဖွယ် ရှိနေပါတယ်။ လက်ရှိခြေစွမ်းနဲ့ ပွဲစဉ်ဇယားအရ လီဗာပူးအသင်းဟာ စံချိန်တင် အောင်မြင်မှုရရှိဖို့ အလားအလာတချို့ ရှိနေပေမယ့် ဒီရာသီ နောက်ဆုံး အိမ်ကွင်းပွဲစဉ်မတိုင်ခင်အထိ ပရီးမီးယားလိဂ်ဖလားကို ရရှိမှာတော့ မဟုတ်ပါဘူး။ အိမ်ကွင်းပိတ်ပွဲအဖြစ် မေလ ၉ ရက်မှာ ချဲလ်ဆီးအသင်းကို လက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ နောက်ထပ် ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေမှာ လီဗာပူးနဲ့ ဒုတိယနေရာက မန်စီးတီးအသင်းတို့ဟာ ပွဲစဉ်တိုင်းကို အနိုင်ရနေမယ်ဆိုရင် လီဗာပူးအသင်းဟာ ဧပြီလ ၄ ရက်နေ့ မန်စီးတီးအသင်းကို အနိုင်ကစားပြီးတဲ့နောက် ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် ဗိုလ်ဝင်ခံနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ စံချိန်သစ်တခုဖြစ်ပြီး လက်ရှိအစောဆုံး ချန်ပီယံဆုကို ဆွတ်ခူးနိုင်တဲ့အသင်း ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဧပြီ ၁၄ ရက်နေ့မှာ ဗိုလ်စွဲခဲ့တဲ့ ၂၀၀၁ ခုနှစ် စံချိန်ကိုလည်း ချိုးဖျက်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေပြီးတော့ တပွဲလျော့ အနေအထားနဲ့ ဒုတိယနေရာက မန်စီးတီးအသင်းကို ၁၆ မှတ် ဖြတ်ထားနိုင်ပါတယ်။ အသင်းဟာ အခုရာသီ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂၂ ပွဲမှာ တပွဲသာ သရေကျထားပြီး ၂၁ ပွဲလုံးကို အနိုင်ကစားထားနိုင်ပါတယ်။
1 year Ago
Up