ကြိုဆိုထောက်ခံ

A d v e r t i s e m e n t With Us

December 14, 2019

နယ်သာလန်မှ ပြန်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုထောက်ခံ

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့က အပြည်ပြည်ဆိုင်ရာ  တရားရုံး (ICJ) မှာ တရားစွဲထားတာကို သွားရောက်ဖြေရှင်းခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံ နေပြည်တော်လေဆိပ်ကို ပြန်လည်ရောက်ရှိလာပါတယ်။ နေပြည်တော် လေဆိပ်ကနေ ဒေါ်အောင်ဆန်းစုကြည် နေအိမ် ပြန်လာရာ လမ်းဘေးဝဲယာတလျှောက်မှာ ပြည်သူ ထောင်သောင်းချီက 'အမေစု ကျန်းမာပါစေ'၊ 'အမေစု ကြံဆောင်သမျှ အောင်ပါစေ'၊ 'ငါတို့သည် ငါတို့နိုင်ငံတော်ခေါင်းဆောင်နဲ့အတူ ရှိသည်' စတဲ့ ဗီနိုင်းတွေ ကိုင်ဆောင်ပြီး  ထောက်ခံကြိုဆိုခဲ့ကြပါတယ်။
1 year Ago
Up