ကြိုဆို

A d v e r t i s e m e n t With Us

December 6, 2020

ရန်ကုန်နှင့် စစ်တွေတွင် တာဝန်ထမ်းဆောင်ပြီး ရွှေဘိုမြို့ပြန်လာသည့် သူနာပြုများကို ကြိုဆို

ရန်ကုန်နဲ့ စစ်တွေမှာ စေတနာ့ဝန်ထမ်း အဖြစ် ၁ လကျော်သွားရောက်တာဝန် ထမ်းဆောင်ခဲ့ပြီး ပြန်လာတဲ့ ရွှေဘိုမြို့က အထက်တန်းသူနာပြု ဆရာ၊ ဆရာမတွေကို ဒေသခံတွေက ကြိုဆိုခဲ့ကြပါတယ်။ ဆရာ၊ ဆရာမတွေဟာ ဒီဇင်ဘာ ၅ ရက်နေ့ ညက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ကို ပြန်လည်ရောက်ရှိလာကြတာလို့ ရွှေဘိုခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ စောသက်လျာအောင်က ပြောပါတယ်။ ကိုဗစ်-၁၉ ကုသရေးစင်တာတွေမှာ သွားရောက်တာဝန်ထမ်းဆောင်ခဲ့တဲ့ သူနာပြု ဆရာ၊ ဆရာမ ၃ ဦးကို ကျန်းမာရေးဝန်ထမ်းတွေ၊ ပရဟိတ အသင်းအဖွဲ့၊ မြို့မိ မြို့ဖတွေက ရွှေဘိုမုခ်ပေါက်မှာ လာရောက်ကြိုဆိုခဲ့ကြတယ်လို့ ရွှေဘိုမြို့နယ် ကိုဗစ်ကာကွယ် ထိန်းချုပ်ကုသရေးအဖွဲ့ တာဝန်ရှိသူ ဦးတင်ဝင်းက ပြောပါတယ်။ တာဝန်ထမ်းဆောင်ပြီး ပြန်လာတဲ့ ဆရာ ဆရာမတွေကို ပြည်ရွှေသိဃ် Hotel မှာ ကွာရန်တင်းထားရှိမယ်လို့ ဆိုပါတယ်။
2 months Ago

September 14, 2020

U.S. Openတင်းနစ်ပြိုင်ပွဲ၌အနိုင်ရခဲ့သူ ဂျပန်တင်းနစ်မယ်ကို တိုကျိုမြို့ခံများကြိုဆို

ဂျပန်နိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်တဲ့ တင်းနစ်မယ် နာအိုမိအိုဆာကာဟာ U.S. Open တင်းနစ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်ကို စက်တင်ဘာ ၁၂ရက်မှာ အနိုင်ရခဲ့လို့ တိုကျိုမြို့သားတွေ ကြိုဆို ခဲ့ပါတယ်။  လူမျိုးရေး မတရားမှုတိုက်ဖျက်ရေး အိုဆာကာရဲ့ရပ်တည်ချက်ကိုလည်း လက်ခံယုံကြည်ဖို့ စိတ်အားထက်သန်နေကြပါတယ်။  အိုဆာကာဟာ သူ့အနေအထားကို သုံးပြီး လူမည်းတွေရဲ့ အသက်လည်း အရေးပါတယ်လို့ နာမည်ပေးထားတဲ့ Black Lives Matter (BLM) လှုပ်ရှားမှုကို ထောက်ခံ အားပေးခဲ့တာပါ။  ချန်ပီယံ ရွေးပွဲက ပွဲစဉ်တိုင်းကို ဝင်မပြိုင်ခင်မှာ အိုဆာကာဟာ မတူညီတဲ့ လူမည်း အမေရိကန်နိုင်ငံသားတယောက်ရဲ့နာမည်ကို ရေးထိုးထားတဲ့ ပါးစပ်နှာခေါင်းစည်းကို ဝတ်ဆင်ခဲ့ ပါတယ်။  ဂျပန်မိခင်နဲ့ ဟေတီနိုင်ငံသားဖခင်တို့က မွေးလာတဲ့ အိုဆာကာဟာ ပြောင်းလဲလာတဲ့ ဂျပန် နိုင်ငံရဲ့ မျက်နှာစာ တရပ် ဖြစ်လာပါတယ်။  သူ့ရဲ့အောင်ပွဲနဲ့ လူကြိုက်များမှုဟာ လူမျိုးရေး ခွဲခြားမှုကိစ္စရပ်မှာ ဆွေးနွေးစရာ အခွင့် အရေးကို ဖန်တီးသလို ဖြစ်လာတယ်လို့ မြို့ခံတွေနဲ့ လူတွေ့ မေးမြန်းချက်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
5 months Ago
More News
Up