ကွာလီယာရယ်လာ

March 27, 2019

အီတလီအတွက် အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် ကွာလီယာရယ်လာ မှတ်တမ်းဝင်

လက်ခ်ျတန်စတိန်းနဲ့ ကစားခဲ့တဲ့ ယူရိုခြေစစ်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ အီတလီတိုက်စစ်မှူး ကွာလီယာရယ်လာဟာ အသင်းသမိုင်းတလျှောက် အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အီတလီအသင်းဟာ ယူရိုခြေစစ်ပွဲ ဒုတိယပွဲစဉ်အဖြစ် လက်ခ်ျတန်စတိန်းနဲ့ အိမ်ကွင်းမှာ ကစားခဲ့ရာ ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး ကွာလီယာရယ်လာဟာ ပွဲချိန် ၃၅ မိနစ်မှာ ရရှိခဲ့တဲ့ ပယ်နယ်တီကို ဂိုးအဖြစ်ပြောင်းလဲပြီး အီတလီအသင်းမှာ အသက်အကြီးဆုံး ဂိုးသွင်းယူနိုင်သူအဖြစ် စံချိန်တင်သွားခဲ့တာ ဖြစ်ပါတယ်။ ကွာလီယာရယ်လာဟာ ပွဲချိန် ၄၅ မိနစ်မှာလည်း ပယ်နယ်တီကနေပဲ နောက်ထပ် သွင်းဂိုးတဂိုး ရခဲ့ပြီး နှစ်ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ကွာလီယာရယ်လာဟာ ဆမ်ဒိုးရီးယားအသင်းမှာ ခြေစွမ်းပြနေတာကြောင့် အီတလီအသင်းက လက်ရွေးစင်အသင်းမှာ ပြန်လည်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အီတလီအသင်းဟာ ယူရိုခြေစစ်ပွဲ အဖွင့်မှာ ဖင်လန်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး နှစ်ပွဲဆက်တိုက် အနိုင်ယူကာ အုပ်စုပထမနေရာမှာ ရပ်တည်နေပါတယ်။
3 years Ago
Up