ကွာလာလမ်ပူရှိ ဘာသာရေးကျောင်း မီးလောင်၊ အနည်းဆုံး ၂၅ ဦး သေဆုံး

September 14, 2017

ကွာလာလမ်ပူရှိ ဘာသာရေးကျောင်း မီးလောင်၊ အနည်းဆုံး ၂၅ ဦး သေဆုံး

ဒီကနေ့မနက်ပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ဘာသာရေးကျောင်းတကျောင်းမှာ မီးလောင်မှုဖြစ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၂၅ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေဟာ ကျောင်းသား ၂၃ ဦးနဲ့ အဆောင်မှူး ၂ ဦးတို့ ဖြစ်တယ်လို့ မီးသတ်ဌာန အကြီးအကဲက ပြောပါတယ်။ အဲဒီကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသားတွေဟာ ကိုရန်ကျမ်းစာကို သင်ယူနေကြတာဖြစ်ပြီး အသက် ၅ နှစ်ကနေ ၁၈ နှစ်ကြား ဖြစ်ပါတယ်။ မီးလောင်တဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပြီး အခုမီးလောင်မှုဟာ အနှစ် ၂၀ အတွင်း အဆိုးဆုံးဖြစ်တယ်လို့ မလေးရှားမီးသတ်တပ်ဖွဲ့ အကြီးအကဲကို ကိုးကားပြီး ဘီဘီစီနဲ့ ရိုက်တာသတင်းတွေမှာ ဖော်ပြထားပါတယ်။
4 years Ago
Up