ကွာတားတက် (ရုပ်သံ)

February 19, 2017

ဘန်လေကိုနိုင်ပြီး နှစ်ပေါင်း ၁၀၃ နှစ်အတွင်း လင်ကွန်းအသင်း အက်ဖ်အေကွာတားတက် (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ရှုံးထွက်အဆင့်ပွဲစဉ်မှာ လိဂ်တန်းက မဟုတ်တဲ့ လင်ကွန်းအသင်းက ပရီးမီးယားလိဂ်က ဘန်လေကို  ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။ လင်ကွန်းအသင်းက နှစ်ပေါင်း ၁၀၃ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အက်ဖ်အေဖလား ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်တာ ဖြစ်ပါတယ်။ ဘန်လေဟာ အိမ်ကွင်း မာတဲ့ အသင်းပီပီ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူပြီး ကစားနိုင်သလို ထိုးဖောက် ကန်သွင်းခွင့် ၁၇ ကြိမ်အထိ ရခဲ့ပါတယ်။ အိမ်ကွင်းမှာ ကစားတဲ့ ၂၉ ပွဲမှာ ဘန်လေးအသင်းဟာ ၃ ပွဲပဲ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန် သွားရပါတယ်။ လင်ကွန်းအသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို ၈၉ မိနစ်မှာ ရက်ဂက်က သွင်းယူပြီး အက်ဖ်အေဖလား ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
4 years Ago
Up