ကွမ်းတံထွေး

April 12, 2019

ထိုင်းနိုင်ငံတွင်း ကွမ်းတံတွေးထွေးလျှင် ဒဏ်ငွေရိုက် အရေးယူမည်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ကွမ်းတံတွေးထွေးရင် ထိုင်းနိုင်ငံ သန့်ရှင်းရေးဥပဒေနဲ့ ဒဏ်ငွေရိုက် အရေးယူသွားမယ်လို့ ထိုင်းအစိုးရက သတိပေး ထုတ်ပြန်လိုက်ပါတယ်။ လမ်းမပေါ်မှာ ကွမ်းတံတွေးထွေးတာကို ထိုင်းနိုင်ငံ သန့်ရှင်းရေးဥပဒေနဲ့ ဒဏ်ငွေရိုက်နိုင်တဲ့အကြောင်း ထိုင်းနိုင်ငံထဲ ဝင်ရောက်လာမယ့် ခရီးသွား မြန်မာပြည်သားတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ သိရှိအောင် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ၁ ရှေ့ကနေ စတင် အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ လတ်တလော ကွမ်းတံတွေးထွေးသူတွေကို ပညာပေးသွားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဒဏ်ငွေအဖြစ် ထိုင်းဘတ်ငွေ ၅၀၀ မှ ၂၀၀၀ အထိ ပေးဆောင်ဖို့ ဒဏ်ရိုက်မှာ ဖြစ်ပါတယ်။ ဒဏ်ငွေမပေးဆောင်နိုင်သူတွေကတော့ မသန့်ရှင်းတဲ့ နေရာတွေမှာ သွားရောက်  အမှိုက်ကောက်ရမယ့်ပြစ်ဒဏ် ချမှတ်ခံရနိုင်ပြီး အပြစ်ကျူးလွန်သူတွေဟာ ထိုင်းတရားရုံးမှာ သွားရောက် အမှုရင်ဆိုင် ဖြေရှင်းရတာလည်း ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာသူတွေဟာ မြန်မာပြည်မှာလုပ်နေတဲ့ ဓလေ့အတိုင်း တွေ့ရာ ကြုံရာနေရာမှာ အလွယ်တကူ ကွမ်းတံတွေး ထွေးလေ့ရှိကြသလို ကားနဲ့ ဝင်ရောက်လာသူတွေဟာလည်း ကားမောင်းပြီး မှန်ကိုဖွင့်ကာ ကွမ်းတံတွေးတွေကို စည်းမဲ့ကမ်းမဲ့ ထွေးလေ့ရှိတာ ဖြစ်ပါတယ်။ လက်ရှိကာလမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ ချစ်ကြည်ရေးတံတားရှေ့မှာ မြို့သာယာလှပစေရေးအတွက် သန့်ရှင်းရေးဥပဒေကို ၁၉၉၂ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပြီး နယ်စပ်ဒေသအတွက်ကိုတော့ ၂၀၁၇ ခုနှစ်က စတင် အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ ဖိုးစီ
3 years Ago
Up