ကွမ်းစိုက်တောင်သူများ ယခုနှစ် ရာသီအစတွင် ကွမ်းရွက်ဈေးကောင်းရရှိ

January 10, 2018

ကွမ်းစိုက်တောင်သူများ ယခုနှစ် ရာသီအစတွင် ကွမ်းရွက်ဈေးကောင်းရရှိ

မွန်ပြည်နယ် သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ အနီးအနားရှိကွမ်းစိုက်တောင်သူတွေအနေနဲ့ ယခုနှစ်​ရာသီအစမှာ ​အမြင့်ဆုံးဈေးအ​နေအထားထိ ဈေးကောင်းရရှိခဲ့တဲ့အတွက်ကြောင့် ကွမ်းခြံစိုက်ေ​တာင်​သူတွေ ဝင်​​ငွေ​ကောင်းနေတယ်လို့ သိရပါတယ်။ ၂၀၁၇ ​သင်္ကြန်​ကာလ​နောက်​ပိုင်းမှစပြီး ကွမ်းရွက်​​ဈေးတွေ ဆက်​တိုက်​ကျဆင်း​ခဲ့ရာက ဇူလိုင်​လကုန်​ပိုင်းမှ စတင်​ကာ တဖြည်းဖြည်း ပြန်​လည်​မြင့်တက်​လာခဲ့ပြီး ယခုနှစ်စပိုင်းမှာ ကွမ်းရွက်​​ဈေး ​တ​ပိဿာလျှင်​ ၈၀၀၀ ကျပ်​အထိ​ ဈေးနှုန်းမြင့်တက်​ခဲ့ကြောင်း သထုံမြို့နယ်ရှိ ကွမ်းရွက်​စိုက်ပျိုး တောင်သူတွေက ပြောပါတယ်။ သုဝဏ္ဏဝတီမြို့မှ ကွမ်းစိုက်​​တောင်​သူတဦးဖြစ်တဲ့ ဦးသန်းထွန်းက “ကွမ်းရွက်ဈေးက သင်္ကြန်​​ပြီးကတည်းက​ ဆက်​တိုက်​ကျ​နေ​တော့ အဆင်​မ​ပြေကြဘူး​။ ​​နောက်​ တဖြည်းဖြည်ေ​ဈးပြန်တက်​လာ​တော့လည်း အဆင်​​ပြေတာ​ပေါ့။ ကွမ်းခြံစိုက်​တယ်ဆိုတာက ထီထိုးသလိုပဲ။ မိုးအုံ့လိုက်၊ ​မိုးရွာလိုက်​၊ ပူလိုက်၊ ​​အေးလိုက်​နဲ့ ဆိုရင်​တော့ ကွမ်းက ရာနှုန်းပြည့်မထွက်​ပြန်​ဘူး။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကဆိုရင် ကွမ်းဈေးက မကောင်းလို့ တချို့ခြံသမားတွေမှာ အ​ကြွေးများပြီး ယိုးဒယားအထိ အလုပ်​သွားလုပ်​ရတဲ့အထိတောင် ဖြစ်ဖူးတယ်”လို့ ပြောပါတယ်။ အခုနှစ်မှာ ရာသီအစဖြစ်နေပြီး ကွမ်းရွက်အထွက်နှုန်းမှာလည်း နည်းပါးနေတဲ့အတွက် ဝယ်လိုအားပေါ်မူတည်ပြီး ဈေးနှုန်း အတက်အကျရှိနိုင်ကြောင်း အထွက်နှုန်းပုံမှန်ဖြစ်လာပါက ဈေးနှုန်း ပြန်လည်တည်ငြိမ်နိုင်မှာဖြစ်သလို အခုအချိန်မှာသာ ဈေးကောင်းရရှိနေတာ ဖြစ်တယ်လို့ ဦးသန်းထွန်းက ဆက်လက်ရှင်းပြပါတယ်။ သထုံခရိုင်အတွင်းမှာ ကွမ်းရွက်​ကို နှစ်​စဉ်​ သင်္ကြန်​​နောက်​ပိုင်းမိုးဦးကာလမှာ ​စတင်​ စိုက်​ပျိုး​လေ့ရှိပြီး တန်​​ဆောင်​မုန်းလဆန်းပိုင်းမှစပြီး ​နောက်​နှစ်​ဝါ​ခေါင်​လအထိ ၁၅ ရက်ကို ၁ ကြိမ်​ခူးဆွတ်​နိုင်​ကြောင်းနဲ့ ကွမ်းတိုင်ပေါင်း​ ၃၀၀၀ လောက် စိုက်​ပျိုးထားတဲ့ ကွမ်းခြံတ​ခြံရဲ့ ကုန်​ကျစရိတ်​မှာ ကွမ်းမျိုး၊ ​မြေသြဇာနဲ့ လုပ်​အားခတွေ အပါအဝင် ​စုစု​ပေါင်း ၃၅ သိန်းလောက် ရှိတယ်လို့ ကွမ်းခြံစိုက်ပျိုးသူတွေဆီက သိရပါတယ်။ သထုံမြို့နယ်အတွင်းမှာ ကွမ်းစိုက်တောင်သူပေါင်း ၁၅၀ လောက်ရှိပြီး ထွက်ရှိတဲ့ ကွမ်းရွက်တွေကို ​မြဝတီ၊ ​ကော့ကရိတ်​၊ ​မော်​လမြိုင်​၊ ဒိုက်​ဦး၊ ​ညောင်​​လေးပင်​နှင့် လွိုင်​​ကော်​မြို့တွေအထိ တင်​ပို့​ရောင်းချ​နေရာ ကွမ်းရွက်​ တပိဿာကို ကျပ် ၇၀၀၀မှ ကျပ် ၈၀၀၀ အထိ​ ဈေးနှုန်းမြင့်တက်​ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်းရှိ ကွမ်း​ဈေးကွက်​ဟာ မုံရွာ​ဈေးကွက်​​ပေါ် မူတည်​ကြောင်း၊ မုံရွာက ထွက်ရှိတဲ့ ကွမ်းရွက်မှာ အရွက်​ပါးပြီးနုကာ အောက်ဒေသမှထွက်ရှိတဲ့ ကွမ်းရွက်​မှာ ထူပြီး ကြမ်းကြောင်းနဲ့ လက်ရှိ မုံရွာကွမ်း အထွက်​နည်းတဲ့အချိန်​ဖြစ်ပြီး မြန်မာပြည်အောက်ပိုင်းရှိ ကွမ်းရွက်တွေ ဈေးကောင်းရနေတာဖြစ်ကြောင်း သုဝဏ္ဏဝတီမြို့ရှိ ကွမ်း​ရွက်​​ရောင်းဝယ်​​ရေးဒိုင်က သိရပါတယ်။ သတင်း - ယူမင်းစိုး
4 years Ago
Up