ကွန်မြူနတီဒိုင်းတွင် ပယ်နယ်တီလွဲချော်မှုကြောင့် ဖိအားများနှင့် ရင်ဆိုင်ရဟု မိုရာတာ ပြော

August 11, 2017

ကွန်မြူနတီဒိုင်းတွင် ပယ်နယ်တီလွဲချော်မှုကြောင့် ဖိအားများနှင့် ရင်ဆိုင်ရဟု မိုရာတာ ပြော

ချဲလ်ဆီးအသင်းရဲ့ ပေါင်သန်း ၇၀ တန် တိုက်စစ်မှူး မိုရာတာဟာ အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းမှာ ပင်နယ်တီလွဲချော်မှုနဲ့ ပတ်သက်လို့ ရင်ဖွင့်ပြောကြားလိုက်ပါတယ်။ မိုရာတာက သူ ပယ်နယ်တီ လွဲသွားတဲ့အချိန်မှာ ဝိုင်းပြီး သတ်တော့ကြတော့မယ်လို့တောင် ခံစားခဲ့ရပြီး သန်း ၇၀ တန်ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်လို့ အမြင့်ဆုံး ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ခန့်မှန်းမှုတွေအရတော့ အသက် ၂၄ နှစ်အရွယ် ရီးရဲလ်တိုက်စစ်မှူးဟောင်းဟာ ပရီးမီးယားလိဂ် ပထမဆုံးရာသီမှာ ဂိုး ၂၀ ထိ သွင်းယူနိုင်မယ်လို့ ခန့်မှန်းနေကြသလို မိုရာတာကလည်း သွင်းနိုင်ဖို့ မျှော်မှန်းထားပါတယ်။ သြဂုတ် ၆ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ရဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ ပွဲချိန်အတွင်း တဂိုးစီသရေကျနေလို့ ပယ်နယ်တီအဆုံးအဖြတ် ကန်ယူခဲ့ရာ ချဲလ်ဆီးက တိုက်စစ်မှူး မိုရာတာနဲ့ ဂိုးသမား ကော့တွိုက်စ်တို့ရဲ့ ပယ်နယ်တီ လွဲချော်ပြီး ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up