ကွန်မြူနတီဒိုင်း

May 19, 2019

လာမည့် ကွန်မြူနတီဒိုင်း ပွဲစဉ်တွင် မန်စီးတီးနှင့် လီဗာပူး တွေ့ဆုံ

လာမယ့် ပရီးမီးယားလိဂ် ဘောလုံးရာသီအစ ကွန်မြူနတီဒိုင်း ဘောလုံးပြိုင်ပွဲမှာ မန်ချက်စတာစီးတီးနဲ့ လီဗာပူး တို့ ယှဉ်ပြိုင်ရမှာပါ။ ကွန်မြူနတီဒိုင်း ပွဲစဉ်ကို ပုံမှန်ဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံနဲ့ အက်ဖ်အေဖလား ချန်ပီယံတို့ ကစားရတာပါ။ ဒါပေမယ့် ဒီနှစ်ရာသီမှာ မန်စီးတီးက ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေမှာ ချန်ပီယံ ဖြစ်ထားတဲ့အတွက် ပရီးမီးယားလိဂ်မှာ ဒုတိယရတဲ့ လီဗာပူးနဲ့ ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ ကွန်မြူနတီဒိုင်း ပွဲစဉ်ကို ရက်အတိအကျ မသတ်မှတ်ရသေးပေမယ့် လာမယ့် သြဂုတ် ၃ ရက်နဲ့ ၄ ရက်တွေ့မှာ ဖြစ်ဖို့ များပါတယ်။ မန်စီးတီးဟာ ၂၀၁၈ ကွန်မြူနတီဒိုင်း ပွဲစဉ်တုန်းက ချဲလ်ဆီးကို ၂ ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။
2 years Ago

August 6, 2018

အဂွေရို၏ သွင်းဂိုး ၂ ဂိုးဖြင့် ချဲလ်ဆီးကိုနိုင်ပြီး မန်စီးတီး ကွန်မြူနတီဒိုင်းဆွတ်ခူး (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် အမှတ်ပေးပွဲတွေ မစတင်မီ တပတ်အလိုမှာ ယှဉ်ပြိုင်တဲ့ ကွန်မြူနတီဒိုင်း ပြိုင်ပွဲမှာ အမှတ်ပေးချန်ပီယံ မန်စီးတီးက အက်ဖ်အေဖလားပိုင်ရှင် ချဲလ်ဆီးကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ မန်စီးတီးအသင်းမှာ ဒီဘရိုင်း၊ စတာလင်၊ ဒေးဗစ်ဆေးလ်ဗားတို့ မပါဝင်နိုင်သေးဘဲ ဂိုးသမားအဖြစ် ဘရာဗိုကို အသုံးပြုခဲ့ပြီး ဝေါ်လ်ကာ၊ စတုန်းစ်၊ လာပေါ်တေး၊ မန်ဒီ၊ ဖိုဒန်၊ ဖာနန်ဒင်ဟို၊ ဘာနာဒိုဆေးလ်ဗား၊ မာရက်ဇ်၊ ဆာနေး၊ အဂွေရိုတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းမှာလည်း အဓိက ကစားသမား ဟာဇက်နဲ့ ဂိုးသမား ကော့တွိုက်စ်တို့ မပါဝင်ဘဲ ကာဘယ်လာရို၊ အက်ဇ်ပီလီကျူတာ၊ ရူဒီဂါ၊ မာရင်ဟို၊ အလွန်ဆို၊ ဖာဘရီဂတ်စ်၊ ဖီလ်ဟို၊ ဘာ့ကလေ၊ ရိုဒရီဂွက်ဇ်၊ မိုရာတာ၊ ဟတ်ဒ်ဆန် အိုဒိုအီတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ မန်စီးတီးအသင်းက ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်မှာပါ ချဲလ်ဆီးအသင်းထက် အသာရခဲ့ပါတယ်။ မန်စီးတီးအတွက် အနိုင်ဂိုး နှစ်ဂိုးစလုံးကို တိုက်စစ်မှူး အဂွေရိုက ပွဲချိန် ၁၃ မိနစ်နဲ့ ၅၈ မိနစ်တွေမှာ သွင်းယူပေးခဲ့ပါတယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် လာမယ့် သြဂုတ် ၁၂ ရက်နေ့မှာ အာဆင်နယ်နဲ့ အဝေးကွင်း ယှဉ်ပြိုင်ရမှာဖြစ်ပြီး ချဲလ်ဆီးကလည်း အဝေးကွင်းမှာပဲ ဟတ်ဒါဖီးလ်ဒ်နဲ့ သြဂုတ် ၁၁ ရက်နေ့ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
3 years Ago
More News
Up