ကွန်ဖူးဆရာ

March 12, 2017

၁၀ နှစ်ကြာ လေ့ကျင့်ပြီးမှ ကားတာယာထဲ နှာခေါင်းဖြင့်လေဖြည့်နိုင်ခဲ့သည့် ကွန်ဖူးဆရာ (ရုပ်သံ)

ကွန်ဖူးဆရာတစ်ဦးက သူ့ရဲ့နှာခါင်းကို သုံးပြီး ကားတာယာထဲ လေဖြည့်တဲ့ ထူးဆန်း ရုပ်သံဗွီဒီယိုကို စီဂျီတီအန်သတင်းမှာ မတ်လ ၁၁ ရက်နေ့က ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံ ရှန်ဇီခရိုင်ထဲမှာ ဒီရုပ်သံကို ပြီးခဲ့တဲ့အပတ်က ရိုက်ကူးခဲ့တာဖြစ်ပြီး ကွန်ဖူးဆရာ တန်ဂျွန်ဟိုင်းက ရာဘာပိုက်တစ်ခုကို သူ့ရဲ့နှာခေါင်းအဝ တစ်ဖက်မှာ တပ်ဆင်ထားပြီး ဒီရာဘာပိုက်ကတဆင့် လေမှုတ်သွင်းကာ ကားတာယာရဲ့ အတွင်းဘက်ကျွတ်ထဲကို လေဖြည့်နေတာပါ။ ကွန်ဖူးဆရာက သူ့ရဲ့နှာခေါင်းတစ်ဖက်ကိုပိတ်၊ အခြားနှာခေါင်းတဖက်ကို သုံးပြီး အတွင်းအားတွေထည့်ကာ ဖြည်းဖြည်းချင်း လေဖြည့်ထည်နေတာ၊ နောက်ဆုံးမှာ ကားတာယာရဲ့ကျွတ်ထဲမှာ လေပြည့်သွားတာ ရုပ်သံထဲမှာ တွေ့ရမှာပါ။ ဒီစွမ်းရည်ကိုရဖို့ ကွန်ဖူးဆရာတန်က ၁၀ နှစ်ကြာအောင် လေ့ကျင့်ခဲ့ရတာလို့ ဒေသခံသတင်းဌာနတွေက ပြောပါတယ်။
5 years Ago
Up