ကွန်ဖူး

August 10, 2017

ပေ ၁၀၀ အမြင့် ကြိုးတန်းပေါ်မှ သားအဖ ၂ ဦး၏ ကွန်ဖူးအစွမ်း (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ခရိုင် မီအန်ရန်းမြို့မှာ သားအဖ ၂ ဦးဖြစ်တဲ့ ရန်ဟေပင်နဲ့ သမီးဖြစ်သူတို့ဟာ လျှိုမြောင်အထက် ပေ ၁၀၀ အမြင့်မှာ သွယ်တန်းထားတဲ့ ချိန်းကြိုးတွေအပေါ် လမ်းလျှောက်ပြီး စိတ်လှုပ်ရှားဖွယ် ကွန်ဖူးအစွမ်း ပြသခဲ့ကြပါတယ်။ ဒီလို ကွန်ဖူးအစွမ်းပြတဲ့ ရုပ်သံကို မီအန်ရန်းမြို့မှာ သြဂုတ် ၆ ရက်နေ့က ရိုက်ကူးခဲ့ပါ။ ရန်ဟေပင်ကို ၁၉၄၉ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ကလေးအရွယ်ကတည်းက ကွန်ဖူးအတတ်ပညာကို စတင်သင်ယူခဲ့တာလို့ ဆိုပါတယ်။ သူ့ကို “မုတ်ဆိတ်မွေးနဲ့ ပျံသန်းနိုင်တဲ့လူ” လို့ တခါတရံ ခေါ်ကြပြီး သမီးဖြစ်သူ ရန်လီကလည်း ကွန်ဖူးနှစ်သက်သူတဦးဖြစ်လို့ ပုံမှန်လေ့ကျင့်တယ်လို့ သိရပါတယ်။ သမီးဖြစ်သူ ရန်လီက အသက် ၁၁ နှစ်အရွယ်မှာ ဖခင်ရဲ့ သင်ကြားပြသမှုနဲ့ ချိန်းကြိုးတွေအပေါ် စတင်လမ်းလျှောက်ခဲ့တယ်လို့ စီဂျီတီအန်သတင်းမှာ သြဂုတ် ၉ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up