အင်တာမီလန်အသင်းက နည်းပြသစ်အဖြစ် အန်တိုနီယို ကွန်တီကို ခန့်အပ်လိုက်ပါတယ်။
အင်တာမီလန်ဟာ ထုတ်ပယ်လိုက်တဲ့ နည်းပြ စပယ်လက်တီရဲ့ နေရာမှာ ကွန်တီနဲ့ အစားထိုးလိုက်တာပါ။
အသက် ၄၉ နှစ်အရွယ် နည်းပြ ကွန်တီဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ ချဲလ်ဆီးကနေ ထုတ်ပယ်ခံထားရပြီး အသင်းလက်မဲ့ ဖြစ်နေသူပါ။
အင်တာနည်းပြသစ် ဖြစ်လာတဲ့ ကွန်တီက ဘဝရဲ့ စာမျက်နှာသစ်ကို စတင်တော့မှာ ဖြစ်တဲ့အတွက် တကယ်ကို စိတ်လှုပ်ရှားမိတယ်လို့ ပြောပါတယ်။
နည်းပြ ကွန်တီဟာ ချဲလ်ဆီးကိုကိုင်တွယ်တဲ့ ၂ ရာသီအတွင်းမှာ ပရီးမီးယားလိဂ်ဖလားနဲ့ အက်ဖ်အေဖလားတို့ကို ရရှိခဲ့ပါတယ်။
ဒါ့အပြင် ဂျူဗင်တပ်နည်းပြ ဘဝတုန်းကလည်း ဂျူဗင်တပ်ကို စီးရီးအေချန်ပီယံ ၃ ကြိမ်ရအောင် စွမ်းဆောင်ပေးထားပါတယ်။
အင်တာမီလန်အသင်းဟာ ဒီနှစ်ရာသီ အီတလီစီးရီးအေမှာ အဆင့် ၄ နေရာပဲ ရရှိထားပါတယ်။
2 years Ago