ကွန်ဂိုတွင် အမေရိကန်နှင့် ဆွီဒင်နိုင်ငံသား ကုလအရာရှိ ၂ ဦး သူပုန်များ၏ ဖမ်းဆီးခံရ

March 14, 2017

ကွန်ဂိုတွင် အမေရိကန်နှင့် ဆွီဒင်နိုင်ငံသား ကုလအရာရှိ ၂ ဦး သူပုန်များ၏ ဖမ်းဆီးခံရ

ကွန်ဂိုနိုင်ငံမှာ တာဝန်ထမ်းနေတဲ့ အမေရိကန်နဲ့ ဆွီဒင်နိုင်ငံသား ကုလသမဂ္ဂ အရာရှိ ၂ ဦး သူပုန်တွေရဲ့ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေကြောင်း ကွန်ဂိုအစိုးရက မတ်လ ၁၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ အဖမ်းခံရသူ ၂ ဦးကတော့ အမေရိကန်နိုင်ငံသား မိုက်ကယ်ရှာ့ပ်နဲ့ ဆွီဒင်နိုင်ငံသား ဇိုင်ဒါကာတလန်တို့ ဖြစ်ပါတယ်။ သူတို့ဟာ ကွန်ဂိုနိုင်ငံသား လေးယောက်နဲ့အတူ ကယ်ဆိုင်းခရိုင် အန်ဂွန်ဘေရွာနားမှာ သူပုန်တွေရဲ့ ဖမ်းဆီးခံလိုက်ရတာလို့ အာဏာပိုင်တွေက ပြောပါတယ်။ ကယ်ဆိုင်းခရိုင် တောနက်တွေထဲမှာ အစိုးရစစ်တပ်နဲ့ ဒေသခံသူပုန်တွေအကြား ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး တိုက်ပွဲဖြစ်နေတယ်လို့လည်း သိရပါတယ်။ သူတို့အဖမ်းခံရတဲ့ နေ့ရက်အတိအကျကိုတော့ ကွန်ဂိုအစိုးရက သတင်းထုတ်ပြန်တာမျိုး မရှိပါဘူး။ သူတို့ ၂ ယောက်ဟာ လက်နက်ကိုင်တပ်ဖွဲ့တွေကြားက ပဋိပက္ခတွေအကြောင်းကို စုံစမ်းဖို့ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ ပညာရှင်တွေဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
5 years Ago
Up