ကွန်ဂို လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်ဆန်ခတ် ဖြစ်ပွားခဲ့လို့ ဘူရွန်ဒီ နိုင်ငံသား အနည်းဆုံး အယောက် ၃၀ လောက် သေဆုံးခဲ့ပါတယ်။
ဘူရွန်ဒီ နိုင်ငံသားတချို့ကို အိမ်ပြန်ပို့ဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီး ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာလို့ မျက်မြင်သက်သေနဲ့ ဒေသခံ တက်ကြွလှုပ်ရှားသူတွေက စက်တင်ဘာ ၁၆ ရက်နေ့မှာ ပြောပါတယ်။
ကွန်ဂိုနိုင်ငံ ကာမန်ယိုလာမြို့ လမ်းဘေးမှာ အလောင်း ၃၀ ကျော်ကို အဝတ်စတွေနဲ့ ဖုံးထားတာကို စီဂျီတီအန် ရုပ်သံဗွီဒီယိုမှာ တွေ့ရပါတယ်။
လမ်းဘေးမှာလည်း လူအများအပြား ဒဏ်ရာတွေနဲ့ လဲလျောင်းရင်း ဆေးဘက် အကူအညီ လာတာကို စောင့်နေကြပါတယ်။
ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းက ကာမန်ယိုလာမြို့မှာ အဖမ်းခံရတဲ့ မိတ်ဆွေတွေကို လွှတ်ပေးဖို့ ကြိုးစားရင်း နေရပ်ပြန်ပို့မယ့် အစီအစဉ်အား ဆန္ဒပြတဲ့ ဒုက္ခသည်တွေကို ရဲနဲ့ စစ်သားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ကွန်ဂိုအစိုးရကတော့ သေဆုံးသူတွေက ဒုက္ခသည်တွေဆိုတဲ့ အချက်ကို ငြင်းပါတယ်။ အမျိုးအမည် မသိရတဲ့ လက်နက်ကိုင်အုပ်စုတစုက အမျိုးသားထောက်လှမ်းရေးဌာနပိုင် ရုံးတရုံးကို တိုက်ခိုက်ခဲ့လို့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တယ်လို့ အစိုးရက ပြောပါတယ်။
စစ်သား ၅ ယောက်နဲ့ တိုက်ခိုက်သူ အယောက် ၂၀ သေဆုံးတယ်လို့လည်း ပြောပါတယ်။
ဘူရွန်ဒီနိုင်ငံထဲမှာ ၂၀၁၅ ဧပြီက အကြမ်းဖက်မှုကြောင့် ဒုက္ခသည် အယောက် ၄ သိန်းကျော် ကွန်ဂိုနိုင်ငံထဲကို ထွက်ပြေးလာခဲ့ပါတယ်။
4 years Ago