ကွန်ကရစ်ဘလောက်တုံး ၁၁၁ တုံးကို စက္ကန့်ပိုင်းအတွင်း ဦးခေါင်းဖြင့် ရိုက်ချိုးပြသည့်လူငယ်

March 29, 2017

ကွန်ကရစ်ဘလောက်တုံး ၁၁၁ တုံးကို စက္ကန့်ပိုင်းအတွင်း ဦးခေါင်းဖြင့် ရိုက်ချိုးပြသည့်လူငယ် (ရုပ်သံ)

ဘော့စနီးယားနိုင်ငံမှ အာမက်စပက်ဟစ်ဟာ အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် လူငယ်တဦးဖြစ်ပေမယ့် သူ့ရဲ့ အံ့မခန်း စွမ်းဆောင်နိုင်စွမ်းတွေကို ပြသနိုင်ခဲ့ပါတယ်။ ဦးခေါင်းကိုအသုံးပြုပြီး ကွန်ကရစ်ဘလောက်တုံးပေါင်း ၁၁၁ တုံးကို ရိုက်ချိုးပြနိုင်ဖို့ဆိုတာ တော်တော့်ကို မလွယ်ကူလှပါဘူး။ ဒါပေမယ့် တိုက်ကွမ်ဒိုချန်ပီယံ ကစားသမားတဦးဖြစ်တဲ့ အာမက်စပက်ဟစ်ကတော့ အချိန် ၃၅ စက္ကန့်အတွင်းမှာပဲ ဒါကို လုပ်ပြနိုင်ခဲ့ပါတယ်။ ဒါကို ဘော့စနီးယားနိုင်ငံ မြို့တော် ဗီဆိုကိုမှာ သရုပ်ပြစွမ်းရည် ပြသခဲ့တာဖြစ်ပြီး ဂင်းနက်စ်မှတ်တမ်းစံချိန်တင်နိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
5 years Ago
Up